ချွီဖု-ကွန်ဖြူးရှပ်ဘုံကျောင်းနဲ့ ကွန်ဖြူးရှပ်ပြတိုက်သို့ သွားရောက်ခြင်း

(GMT+08:00)2024-07-11 10:43:46  

၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့မှ ၁၁ ရက်နေ့မှာ ၁၀ ကြိမ်မြောက် Nishan Forum on World Civilizations ပွဲကို တရုတ်နိုင်ငံ စန်းတုန်းပြည်နယ် ကျီနင်မြို့ ချွီဖုခရိုင်မြို့ နီးစန်းတောင်မှာ ကျင်းပခဲ့ပါ တယ်။ တရုတ်နိုင်ငံရဲ့ရှေးခေတ်က နာမည်ကျော်အထင်ကရ အတွေးအခေါ်ပညာရှင်နဲ့ ပညာတတ်တစ်ဦး ဖြစ်တဲ့ ကွန်ဖြူးရှပ် (ခုံကျစ်) မွေးဖွားရာဇာတိအနေနဲ့ ချွီဖုမြို့မှာ ကွန်ဖြူးရှပ်နဲ့သက်ဆိုင်တဲ့ နာမည်ကျော် ရှေးဟောင်းအမွေအနှစ်နဲ့ယဉ်ကျေးမှုနေရာများ ရှိပါတယ်။ ဒီထဲမှာ အကျော်ကြားဆုံးကတော့ ချွီဖု- ကွန်ဖြူးရှပ်ဘုံကျောင်းပဲဖြစ်ပါတယ်။ ချွီဖု-ကွန်ဖြူးရှပ်ဘုံကျောင်းဟာ ကွန်ဖြူးရှပ်ကို ပူဇော်ကန်တော့တဲ့ ဘုံကျောင်းတစ်ခုဖြစ်ပြီး ယနေ့ထိတိုင် နှစ်ပေါင်း ၂၀၀၀ ကျော် သမိုင်းသက်တမ်းရှိခဲ့ပါပြီ။ ကွန်ဖြူးရှပ် ပြတိုက်ဟာလည်း ချွီဖုမြို့ကိုရောက်လျှင် မဖြစ်မနေလာလည်သင့်တဲ့နေရာပါ။ ဒီခေတ်မီပြတိုက်ကြီးက ရိုးရာရှေးဟောင်းအမွေအနှစ်များပြသခြင်းနဲ့ ဒစ်ဂျစ်တယ်အနုပညာပေါင်းစည်းမှုတို့ကနေတစ်ဆင့် လာရောက်ကြည့်ရှုသူတွေကို ကွန်ဖြူးရှပ်ရဲ့ဘဝအကြောင်းနဲ့သူ့ရဲ့အတွေးအခေါ်စိတ်ဓာတ်များကို ပိုမို နားလည်သိရှိစေပါတယ်။