ပူတင်နှင့် မိုဒီတို့သည် ယူကရိန်းအကျပ်အတည်းအပါအဝင် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြ

(GMT+08:00)2024-07-10 15:53:22  

ဇူလိုင်လ ၉ရက်နေ့က ရုရှားသမ္မတ ပူတင်သည် အလည်အပတ်ရောက်ရှိနေသော အိန္ဒိယ ဝန်ကြီးချုပ် မိုဒီနှင့် ကရင်မလင်နန်းတော်၌ တွေ့ဆုံခဲ့ပြီး နှစ်ဦးနှစ်ဖက်တို့သည် နှစ်နိုင်ငံဆက်ဆံရေး၊ ယူကရိန်း အကျပ်အတည်းစသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ပါသည်။

ထိုသို့ တွေ့ဆုံရာတွင် ပူတင်က ရုရှားနှင့် အိန္ဒိယတို့သည် စီးပွားကုန်သွယ်မှုနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှုကို အရှိန်အဟုန်မြှင့်တင်ပြီး နှစ်နိုင်ငံတို့သည် ကုလသမဂ္ဂ၊ BRICS ပူးပေါင်းဆောင်ရွက်ရေးစနစ်နှင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့စသည့် မူဘောင်များတွင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများကိုလည်း လုပ်ဆောင်နေကြောင်း ပြောကြား ခဲ့ပါသည်ဟု  ကရင်မလင်နန်းတော် ဝက်ဘ်ဆိုက်မှ  ထုတ်ပြန်သည့် အချက်အလက်များ အရ သိရပါသည်။

ယူကရိန်းအကျပ်အတည်းနှင့်ပတ်သက်၍ အိန္ဒိယသည် ယူကရိန်းအကျပ်အတည်းကို ငြိမ်းချမ်းစွာဖြေရှင်းရန် ထောက်ခံပြီး ယင်းအတွက် အကူအညီပေးလိုကြောင်း မိုဒီက ပြောကြားခဲ့ပါသည်။