ရုရှား-ယူကရိန်းတို့အား ဆင်ခြင်ဉာဏ်ရှိရှိဖြင့် ကိုယ့်ကိုယ်ကို ထိန်းထားရန် တရုတ်နိုင်ငံက ပန်ကြား

(GMT+08:00)2024-07-10 15:52:52  

ဇူလိုင်လ ၉ရက်နေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် ယူကရိန်းအရေးကို သုံးသပ်စိစစ်နေချိန်တွင် ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်း ဒုတိယ ကိုယ်စား လှယ် ကင်စွမ်က ပဋိပက္ခ၏သက်ဆိုင်ရာတို့အား ဆင်ခြင် ဉာဏ်ရှိရှိဖြင့် ကိုယ့်ကိုယ်ကို ထိန်းထားရန်၊ နိုင်ငံတကာ လူသားချင်း စာနာ ထောက်ထား မှု ဥပဒေကို လက်တွေ့ကျ လိုက်နာရန်နှင့် အရပ်သားများနှင့် အရပ်ဘက် အခြေခံ အဆောက် အအုံ များကို တိုက်ခိုက်ခြင်းမှ ရှောင်ကြဉ်ရန် ထပ်မံ ပန်ကြားခဲ့ပါသည်။

ကင်စွမ်က ယူကရိန်းအကျပ်အတည်းသည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ပြင်းထန်လာပြီးနောက် ဆက်တိုက်ဖြစ်ပွားခဲ့ သော ပဋိပက္ခသည် အပြစ်မဲ့အရပ်သား အများအပြားကို သေဆုံးစေခဲ့ပြီး အခြေခံအဆောက်အအုံ အများအပြားပျက်စီးစေကာ ပြင်းထန်ဆိုးရွားသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ဖြစ်ပေါ်စေ၍ ယင်းအပေါ် တရုတ်နိုင်ငံက အလွန်စိုးရိမ်နေကြောင်း၊ ယခုလောလောဆယ်တွင် စစ်ပွဲများ မရပ်တန့်ဘဲ ပိုမို ပြင်းထန်လာပြီး ဆိုးဝါးသောတိုက်ခိုက်မှုများ မကြာခဏ ဖြစ်ပွားခဲ့ သော ကြောင့် လူသေဆုံးဒဏ်ရာရရှိမှုများ ပြင်းထန်ဆိုးရွားစွာ ဖြစ်စေ၍ ယင်းနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံက လွန်စွာအာရုံပြုဂရုစိုက်နေကြောင်း ပြောကြားခဲ့ပါသည်။