ဆိုက်ဘာ တိုက်ခိုက်မှု နောက်ကွယ်မှာ ဘယ်သူလဲ ဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက မေးခွန်း ၃ ခု ဆက်တိုက် ထုတ်ပြန်

(GMT+08:00)2024-07-10 15:51:00  

ဇူလိုင်လ ၉ ရက်နေ့က တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လင်ကျန့်က ပုံမှန် သတင်းစာရှင်းလင်းပွဲကို ပြုလုပ်ခဲ့ရာ သတင်းထောက်တစ်ဦးက သြစတြေးလျသည် Five Eyes မဟာမိတ်အဖွဲ့ လက်မှတ်ရေးထိုးထားသော အစီရင်ခံစာတစ်ရပ်ကို ထုတ်ပြန်ပြီး တရုတ်နိုင်ငံ "ဆိုက်ဘာတိုက်ခိုက်မှု"  ပြုလုပ်ခြင်း ဟူသည်ကို နောက်ထပ်တစ်ကြိမ် တဖွဖွ ပြောဆိုမှုနှင့်ပတ်သက်ပြီး မေးမြန်းခဲ့သည်။

ယင်းနှင့်ပတ်သက်ပြီး လင်ကျန့်က တရုတ်နိုင်ငံ "ဆိုက်ဘာတိုက်ခိုက်မှု"  ပြုလုပ်ခြင်း ဟူသည်ကို နောက်တစ်ကြိမ် တဖွဖွ ပြောဆိုပြီး အင်တာနက် ကွန်ရက် လုံခြုံရေးဆိုင်ရာ ပြဿနာများကို အသုံးချ၍ တရုတ်နိုင်ငံကို မဟုတ်မမှန် ပုတ်ခတ်ပြောဆိုရန် သက်ဆိုင်ရာ ဘက်၏ လုပ်ရပ်ကို တရုတ်နိုင်ငံက ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း၊ တကယ်တော့ လွန်ခဲ့သည့် အချိန်ပိုင်းအတွင်း သက်ဆိုင်ရာ တရုတ်အေဂျင်စီများက “အမေရိကန်မှ သက်ဆိုင်ရာ APT အဖွဲ့အစည်းများဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှု အစီရင်ခံစာ” အပါအဝင် ခွဲခြမ်းစိတ်ဖြာမှုနှင့် စုံစမ်းစစ်ဆေးမှု အစီရင်ခံစာများ ထုတ်ပြန်ခဲ့ရာ ကြာရှည်သည့်ကာလအတွင်း အမေရိကန်က သတင်း အတုအမှားကို ဖြန့်ပြီး တရုတ်နိုင်ငံ "ဆိုက်ဘာတိုက်ခိုက်မှု"  ပြုလုပ်ခြင်း ဟူသည်ကို အကြိမ်ကြိမ် တဖွဖွ ပြောဆိုကာ ဗိုလ်ကျစိုးမိုးရေး အခြေအနေနှင့် နည်းပညာဆိုင်ရာ အာသာချက်များဖြင့် ကမ္ဘာတစ်ဝှမ်းတွင် ဆိုက်ဘာ စောင့်ကြည့်ခိုးယူမှုများကို ကြီးကြီးကျယ်ကျယ် ပြုလုပ်ခဲ့ခြင်းကို ဖော်ထုတ်ထားကြောင်း ပြောကြားသည်။