အမေရိကန်အိမ်ဖြူတော်မှ ဘိုင်ဒန်၏ ကျန်းမာရေး အစီရင်ခံစာကို ထုတ်ပြန်ပြီး ၎င်းသည် အာရုံကြော ဆိုင်ရာရောဂါ မရှိဟု ဆို

(GMT+08:00)2024-07-10 15:53:52  

ယခုရက်များတွင် အမေရိကန်နိုင်ငံ အိမ်ဖြူတော်သည် သမ္မတ ဘိုင်ဒန်၏ကျန်းမာရေး အစီရင်ခံစာကို ထုတ်ပြန်ခဲ့ကြောင်း ဒေသစံတော်ချိန် ဇူလိုင်လ ၉ရက်နေ့က China Media Groupမှ သတင်းအရ သိရပါသည်။

အမေရိကန်အိမ်ဖြူတော် သမ္မတ၏ဆရာဝန်Kevin O’connor က ဘိုင်ဒန်သည် “အာရုံ ကြောဆိုင်ရာ အသေးစိတ်စစ်ဆေးမှု”ကို ခံယူခဲ့ပြီး၊ လေဖြတ်မှု၊ မျိုးစုံ နဗ်ကြောများ(multiple sclerosis,MS) ၊ ပါကင်ဆန်ရောဂါ သို့မဟုတ် ALSရောဂါနှင့်ပတ်သက်သော ပြဿနာများကို မတွေ့ရှိဘဲ “ထူးချွန်သော ပါးနပ်ကျွမ်းကျင်မှုကို ပြသ”နိုင်ကြောင်း ကြေညာချက်တွင် ဖော်ပြ ထား ပါသည်။