“ဟွမ်ယန်-ကျွန်း ပင်လယ်ရပ်ဝန်း၏ ဂေဟဗေဒပတ်ဝန်းကျင်အခြေအနေရေးရာ စုံစမ်း စစ်ဆေးမှုနှင့် အကဲဖြတ်အစီရင်ခံစာ" ထုတ်ပြန်

(GMT+08:00)2024-07-10 15:51:28  

    ယခုလ ၁၀ ရက်နေ့က “ဟွမ်ယန်-ကျွန်းပင်လယ်ရပ်ဝန်း၏ဂေဟဗေဒပတ်ဝန်းကျင် အခြေအနေရေးရာ စုံစမ်းစစ်ဆေးမှုနှင့် အကဲဖြတ်အစီရင်ခံစာ" ကိုထုတ်ပြန်ခဲ့ပါသည်။ ဂေဟစနစ်နှင့် သဘာဝ ပတ်ဝန်းကျင် ဝန်ကြီးဌာနမှ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် သက်ဆိုင်ရာ အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ယင်သည် ဟွမ်ယန်-ကျွန်း ပင်လယ်ရပ်ဝန်း၏ ဂေဟဗေဒပတ်ဝန်းကျင်အပေါ် ပထမဆုံးအကြိမ် ဘက်စုံစစ်ဆေးမှုဖြစ်ပြီး၊ စစ်ဆေးမှုရလဒ်အရ ဟွမ်ယန်-ကျွန်းပင်လယ်ရပ်ဝန်း၏ ပတ်ဝန်းကျင် အရည်အသွေး ကောင်းမွန်ပြီး၊ သန္တာ ကျောက်တန်း၏ ဂေဟစနစ်လည်း ကောင်းမွန်ကြောင်း သိရပါသည်။