ဖိလစ်ပိုင်အား Ren'ai Reef တွင် တရားမဝင် သောင်တင်နေသော စစ်သင်္ဘောကို ရုပ်သိမ်းရန် (ဖယ်ရှားရန်) တရုတ် တောင်းဆို

(GMT+08:00)2024-07-10 21:02:55  

ဇူလိုင်လ ၁၀ ရက်နေ့တွင် ကျင်းပသော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားရာ၌ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လင်ကျန့် က Ren'ai Reef သည် တရုတ် နန်းဆားကျွန်းစု၏ အစိတ်အပိုင်း ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် နန်းဆားကျွန်းစု သန္တာကျောက်ဆောင်နှင့် ကျွန်းများအနီးတစ်ဝိုက် ပင်လယ်ပတ်ဝန်းကျင်ကို ကာကွယ် ထိန်းသိမ်းရန် တစ်လျှောက်လုံးအလေးထားပြီး ထိရောက်သော နည်းလမ်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံမှ ထုတ်ပြန်သော အစီရင်ခံစာတွင် Ren'ai Reef သန္တာကျောက်ဆောင် ဂေဟစနစ်ကို ထိခိုက်စေသော အဓိကအကြောင်းရင်းမှာ မတရား သောင်တင်နေသော ဖိလစ်ပိုင်စစ်သင်္ဘော နှင့် ၄င်းနှင့်ပတ်သက်သော လှုပ်ရှားမှုများပင် ဖြစ်ကြောင်း၊ ၄င်းမှာ အဖြစ်မှန်နှင့် သိပ္ပံနည်းကျသော စုံစမ်းစစ်ဆေးမှု အခြေခံပေါ်တွင် ကောက်ချက်ချခြင်း ဖြစ်ကြောင်း၊ Ren'ai Reef ၏ ဂေဟပတ်ဝန်းကျင်အပေါ် ဆက်တိုက် ထိခိုက်မှုများကို ရှောင်းရှားရန်အတွက် တရုတ်နိုင်ငံအနေဖြင့် ဖိလစ်ပိုင်နိုင်ငံအား Ren'ai Reef တွင် တရားမဝင် သောင်တင်နေသော စစ်သင်္ဘော ကို ရုပ်သိမ်း(ဖယ်ရှား)ရန် တောင်းဆိုကြောင်း ပြောကြားခဲ့ပါသည်။