တရုတ် နိုင်ငံကို အကြောင်းပြုပြီး နေတိုးအဖွဲ့သည် “အာရှနှင့် ပစိဖိတ် အိပ်မက်”ကို အကောင်အထည် ဖော်ဆောင်နိုင်မည် မဟုတ်

(GMT+08:00)2024-07-10 15:52:27  

နေတိုးအဖွဲ့ ထိပ်သီး အစည်းအဝေးကို ဒေသ စံတော်ချိန် ယခုလ ၉ရက်နေ့တွင် ဝါရှင်တန်၌ ဖွင့်လှစ်ရန် စီစဉ်ထားပါသည်။ ယခုနှစ်သည် နေတိုးအဖွဲ့ တည်ထောင်ခဲ့သည့် ၇၅နှစ် ပြည့်မြောက်သည့်နှစ် ဖြစ်ပါသည်။ အမေရိကန်ဘက်က ယခုအကြိမ် ထိပ်သီး အစည်းအဝေးသည် စစ်အေးကာလ အပြီးတွင် ရဲရင့်စိတ် အရှိဆုံးသော ထိပ်သီး အစည်းအဝေး ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ သို့သော် လွန်ခဲ့သည့် ၃နှစ် အတွင်း ကျင်းပခဲ့သည့် ထိပ်သီး အစည်းအဝေးများနှင့် အလားတူပဲ ယခု အကြိမ် အစည်းအဝေး၏ ဆွေးနွေးရန် အစီအစဉ်များသည် စစ်ရေး အင်အား တိုးမြှင့်ရေး၊ ယူကရိန်းအား ကူညီထောက်ပံ့ရေးနှင့် ကမ္ဘာလုံး ဆိုင်ရာ မိတ်ဖက် ဆက်ဆံမှု စီမံကိန်း ဆိုသည့် အချက်၃ ချက် ဖြစ်မြဲ ဖြစ်နေသေးသည်။ အစည်းအဝေး မကျင်းပမီ သတင်းစာ ရှင်းလင်းပွဲတွင် နေတိုးအဖွဲ့ အတွင်းရေးမှူးချုပ် Jens Stoltenbergက တရုတ် စသည့် နိုင်ငံများကို တုံ့ပြန်ရင်ဆိုင်ရန် အတွက် မိမိတို့သည် အင်ဒို ပစိဖိတ် ဒေသရှိ မိတ်ဖက်များနှင့် ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။ မီဒီယာများက နေတိုး အဖွဲ့သည် တရုတ် နိုင်ငံကို အကြောင်းပြုပြီး အာရှနှင့် ပစိဖိတ်တွင် ဝင်ရောက် စွက်ဖက်ကာ အမေရိကန်၏ ဗိုလ်ကျလွှမ်းမိုးရေး အာဏာကို ထိန်းသိမ်းရန် ကြံစည်နေကြောင်း ကျယ်ကျယ်ပြန့်ပြန့် ယူဆကြပါသည်။

မကြာခင် နှစ်များတွင် အမေရိကန်၏ ဦးဆောင်မှုဖြင့် နေတိုးအဖွဲ့ ထိပ်သီးအစည်း အဝေးများသည် “တရုတ် နိုင်ငံမှ ခြိမ်းခြောက်မှု”ကို အကြီးအကျယ် ချဲ့ကားပြောဆိုပြီး တရုတ် နိုင်ငံကို “စိတ်မှန်းရန်သူ အဖြစ် ပြုလုပ်ရန် ကြံစည်ကာ အာရှနှင့် ပစိဖိတ် ဒေသ နိုင်ငံများအား ဘက်လိုက်ရန် ဖိအားပေးခဲ့သည်။ သို့သော် နေတိုးအဖွဲ့သည် မည်သို့ပင် ဝါဒဖြန့်သည် ဖြစ်စေ၊ ၄င်းကပင် တစ်ကမ္ဘာလုံး တည်ငြိမ်ရေး အပေါ် ခြိမ်းခြောက်မှု ဖြစ်သည့် အဖြစ်မှန်ကို မဖုံးကွယ်နိုင်ပါ။ နေတိုးအဖွဲ့၏ အာရှနှင့် ပစိဖိတ် မဟာဗျူဟာ ဆိုသည်မှာ ကွဲပြားမှု၊ အချင်းပွားမှုနှင့် စစ်ပွဲကို သွေးထိုးလှုံ့ဆော်သည့် စီမံကိန်းပင် ဖြစ်ပြီး အမေရိကန်၏ ဗိုလ်ကျလွှမ်းမိုးရေး အာဏာ အတွက် ဝန်ဆောင်မှု ပေးရန် ရည်ရွယ်ထားခြင်း ဖြစ်ပါသည်။ ယင်းမဟာဗျူဟာသည် သမိုင်းရေစီးကြောင်းနှင့် ဖီလာဆန့်ကျင်သည် ဖြစ်၍ ရှုံးနိမ့် မည်မှာ မုချ မလွဲပင် ဖြစ်ပါသည်။