၂၀၂၃ခုနှစ် တရုတ်၊တောင်အာရှနိုင်ငံများအကြား ကုန်သွယ်ရေးပမာဏသည် ကန်ဒေါ်လာ ဘီလီယံ ၂၀၀နီးပါးရှိပြီး ၂၀၁၃ခုနှစ်ကထက် တစ်ဆတိုးများလာ

(GMT+08:00)2024-07-10 15:51:54  

၂၀၂၄ခုနှစ် ဇူလိုင်လ ၉ရက်နေ့ညနေပိုင်းက တရုတ်နိုင်ငံတော်ကောင်စီ သတင်း ပြန်ကြားရေးရုံးသည် သတင်းစာရှင်းလင်းပွဲကို ကျင်းပခဲ့ပြီး အဋ္ဌမအကြိမ်မြောက် တရုတ်- တောင်အာရှ ကုန်စည်ပြပွဲနှင့် တရုတ်-တောင်အာရှ စီးပွားကုန်သွယ်ရေးပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ အကြောင်းအရာများကို မိတ်ဆက်ခဲ့ပါသည်။ တရုတ်ကုန်သွယ်ရေး ဝန်ကြီး ဌာန ဒုဝန်ကြီး လီဖှေးက ယခုအကြိမ် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို ဇူလိုင်လ ၂၃ရက်နေ့မှ ၂၈ရက်နေ့အထိ ယူနန်ပြည်နယ် ကူမင်းမြို့၌ ကျင်းပမည်ဖြစ်ကြောင်း၊ “စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုကို အတူရှာကြံကြရေး” ဟူသောဆောင်ပုဒ်ကို ဆက်လက်အသုံးပြုမည်ဖြစ်ကြောင်း၊ ကုန်သွယ်ရေးဝန်ကြီးဌာနနှင့် ယူနန်ပြည်နယ်ပြည်သူ့ အစိုးရတို့ ဦးစီးကျင်းပ မည် ဖြစ် ကြောင်း၊ ယင်းသည် ယခုနှစ်တွင် တရုတ်နှင့် တောင်အာရှနိုင်ငံများ အကြား အရေးအကြီးဆုံး စီးပွားကုန်သွယ်ရေး ကူးလူးဖလှယ်မှု လှုပ်ရှားမှုတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

၂၀၂၃ခုနှစ် တရုတ်၊တောင်အာရှနိုင်ငံများအကြား ကုန်သွယ်ရေးပမာဏသည် ကန်ဒေါ်လာ ဘီလီယံ ၂၀၀နီးပါးရှိပြီး ၂၀၁၃ခုနှစ်ကထက် တစ်ဆတိုးများလာကြောင်း၊ ပိုမိုများပြားသောတောင်အာရှနိုင်ငံများမှကုန်ပစ္စည်းများသည် တရုတ်နိုင်ငံဈေးကွက်သို့ ဝင် ရောက်ပြီး တရုတ်သုံးစွဲသူများ၏ကြိုက်နှစ်သက်မှု များစွာရရှိခဲ့ ကြောင်း သတင်းအရ သိရှိရ သည်။