တရုတ် ဗဟိုစစ်ရေးကော်မရှင်သည် ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်ခြင်း အခမ်းအနားကို ကျင်းပပြီး ရှီကျင့်ဖိန်သည် ဂုဏ်ထူးဆောင်ဘွဲ့ ရရှိသည့် တပ်ဖွဲ့အား ဆုချီးမြှင့်

(GMT+08:00)2024-07-10 15:50:36  

တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် တည်ထောင်ခဲ့သည့် ၉၇ နှစ် ပြည့်အခါသမယတွင် တရုတ်ဗဟိုစစ်ရေးကော်မရှင်သည် ၉ ရက်နေ့က ဘေကျင်းမြို့၌ ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်ခြင်း အခမ်းအနားကို ကြီးကျယ်ခမ်းနားစွာ ကျင်းပခဲ့သည်။  တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ တရုတ်နိုင်ငံသမ္မတ၊ ဗဟိုစစ်ရေး ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဂုဏ်ထူးဆောင်ဘွဲ့ ရရှိသည့် တပ်ဖွဲ့အား ဆုတံဆိပ်နှင့် အလံ ချီးမြှင့်ပေးခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့  ကော်မတီဝင် ၊ ဗဟိုစစ်ရေး ကော်မရှင် ဒုဥက္ကဋ္ဌ ကျန်းယုရှာသည် ရှီကျင့်ဖိန် လက်မှတ်ရေးထိုးခဲ့သော ဘွဲ့ ချီးမြှင့်ခြင်း အမိန့်ကို ဖတ်ကြားပြီး ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့  ကော်မတီဝင် ၊ ဗဟိုစစ်ရေး ကော်မရှင် ဒုဥက္ကဋ္ဌ ဟိုဝေတုန်းက အခမ်းအနားကို ဦးစီးကျင်းပခဲ့သည်။