အမေရိကန်တွင် လူမျိုးရေး ခွဲခြားမှုစနစ်ဆိုင်ရာ ဝါဒ ကျယ်ကျယ်ပြန့်ပြန့် တည်ရှိနေဆဲ ဖြစ်သည်ဟု ကုလသမဂ္ဂ လူ့အခွင့်အရေး ကျွမ်းကျင်ပညာရှင် ဆို

(GMT+08:00)2024-07-09 10:54:53  

 ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ၅၆ ကြိမ်မြောက် အစည်းအဝေးကို ဇူလိုင်လ ၈ ရက်နေ့က ဂျနီဗာမြို့၌ ဆက်လက် ကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် ကုလသမဂ္ဂ လူ့အခွင့်အရေး ကျွမ်းကျင်ပညာရှင် အာရှ်ဗီနီက အမေရိကန်နိုင်ငံတွင် လူမျိုးရေးခွဲခြားမှု ဝါဒနှင့် လူမျိုးရေး အထင်သေးမှု ပြဿနာသည် ပိုမိုများပြားသော အာရုံစိုက်မှု ခံရသော်လည်း စနစ်ဆိုင်ရာ လူမျိုးရေး ခွဲခြားမှုစနစ်ဆိုင်ရာဝါဒနှင့် လူမျိုးရေး အထင်သေးမှု အခြေအနေများ ကျယ်ကျယ်ပြန့်ပြန့် တည်ရှိနေဆဲ ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

  အာရှ်ဗီနီက အမေရိကန်၏ နိုင်ငံရေး အစွန်းရောက်ခြင်းနှင့် စီးပွားရေး မတည်မငြိမ် ဖြစ်ခြင်းတို့သည် ရန်ငြိုးထားမှု တိုးပွားရေးအတွက် မြေဆီလွှာကို ဖန်တီးပေးနေကြောင်း ထောက်ပြပြောဆိုခဲ့သည်။ သူမသည် လူမျိုးရေး အထင်သေးမှု ပပျောက်ရေး ကော်မတီ၊ လူ့အခွင့်အရေး ကော်မတီနှင့် ဥပဒေကျင့်သုံးသည့် ဖြစ်စဉ်တွင် လူမျိုးရေး တန်းတူရည်တူ ဖြစ်ရေး စနစ်များကို ဖွဲ့စည်းတည်ထောင်ရန် အပါအဝင် အမေရိကန်၌ လူမျိုးရေး တန်းတူရည်တူဖြစ်ရေး ဖော်ဆောင်ခြင်းဆိုင်ရာ အဆိုပြုချက်များကို တင်ပြခဲ့ပါသည်။