ရုရှားနှင့် အီရန် သမ္မတတို့သည် ဖုန်းဖြင့် ဆက်သွယ်ပြီး နှစ်နိုင်ငံအကြား ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရန် ထပ်လောင်းပြောကြား

(GMT+08:00)2024-07-09 14:12:51  

ဇူလိုင်လ ၈ ရက်နေ့က ရုရှားသမ္မတ ပူတင်သည် အီရန် သမ္မတအဖြစ် အရွေးခံရသော Masoud Pezeshkian ကို ဖုန်းဖြင့် ဆက်သွယ်ပြီး ရွေးကောက်ပွဲတွင် အနိုင်ရရှိမှုအပေါ် ထောမနာပြုကာ အရေးကြီးသော နိုင်ငံရေး ဆောင်ရွက်ချက်များတွင် အောင်မြင်မှုများ ရရှိ ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးခဲ့သည်ဟု ကရင်မလင်နန်းတော်မှ ထိုနေ့တွင်ကြေညာခဲ့ သည်။

နှစ်ဦးနှစ်ဖက်တို့သည် ရုရှားနှင့် အီရန် နှစ်နိုင်ငံအကြား အဆင့်မြင့်မားသော အိမ်နီးချင်းကောင်း ချစ်ကြည်ရေးအပေါ် ကျေနပ်ကြောင်း ဖော်ပြပြီး ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရန် နှင့် နယ်ပယ်အသီးသီးတွင် အပြန်အလှန် အကျိုးရှိစေသော ပူးပေါင်းဆောင်ရွက်မှုများကို ပိုမို ဖွံ့ဖြိုးတိုးတက်စေရန် ဆန္ဒရှိကြောင်း ထပ်လောင်းပြောကြားခဲ့သည်။ ယခုနှစ်အတွင်း ပုဂ္ဂိုလ်ရေး ဆက်ဆံမှု ပြုလုပ်ရန် နှစ်ဖက်စလုံးက သဘောတူခဲ့ကြကြောင်း သတင်းအရ သိရှိရ သည်။