ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံရှိ နက်လက်ကိုင်အဖွဲ့အားလုံးအား ချက်ချင်းလက်နက် ချရန် တရုတ်တိုက်တွန်း

(GMT+08:00)2024-07-09 14:17:28  

ဇူလိုင်လ ၈ ရက်နေ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံပြဿနာကို စိစစ်ရာတွင် ကုလသမဂ္ဂဆိုင်ရာ တရုတ်အမြဲတမ်းဒုတိယ ကိုယ်စားလှယ် Geng Shuangက တရုတ်နိုင်ငံအနေဖြင့် ကွန်ဂိုဒီမိုကရက်တစ်သမ္မတ နိုင်ငံရှိ နက်လက်ကိုင် အဖွဲ့အားလုံးအား လက်နက်ချက်ချင်းချပြီး သိမ်းပိုက်ရာနေရာ များမှ တပ်ရုပ်သိမ်းရန် တိုက်တွန်းကြောင်း ပြောကြားခဲ့ပါသည်။
    Geng Shuang က နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ကွန်ဂိုဒီမိုကရက်တစ်သမ္မတ နိုင်ငံ၏ အချုပ်အခြာအာဏာ၊ လွတ်လပ်ရေးနှင့် ပိုင်နက်နယ်မြေ တည်တံ့ပြည့်စုံမှုကို လေးစားပြီး ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၏ လုံခြုံတည်ငြိမ်ရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုအခြေအနေ ကောင်းမွန်တိုးတက်စေရေးအတွက် အပြုသဘောဆောင်သော အကူအညီများပေးကာ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံအရှေ့ပိုင်းပြဿနာကို အမြန်ဆုံး ကိုင်တွယ်ဖြေရှင်းစေသင့်ကြောင်း အလေးထားပြောကြားခဲ့ပါသည်။
    Geng Shuang က တရုတ်နိုင်ငံအနေဖြင့် သက်ဆိုင်ရာနိုင်ငံများအား ခေါင်းအေးအေး ထားပြီး ချုပ်တည်းကာ ဆွေးနွေးပွဲကျင်းပခြင်းမှတစ်ဆင့် သဘောကွဲလွဲမှုများကို ကိုင်တွယ် ဖြေရှင်း၍ စစ်ရေးနည်းလမ်းဖြင့် ကိုင်တွယ်ဖြေရှင်းဖို့ ရှောင်ရှားရန် ပန်ကြားလိုက်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အန်ဂိုလာနိုင်ငံ၏ တွန်းအားပေးခြင်းကြောင့် ယခုနှစ်မတ်လတွင် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံနှင့် ရဝမ်ဒါနိုင်ငံအကြား နိုင်ငံခြားရေးဝန်ကြီးများတွေ့ဆုံပွဲ ကျင်းပခဲ့ခြင်းကို တန်ဖိုးထားချီးကျူးပြီး ဒေသတွင်းနိုင်ငံနှင့် အဖွဲ့အစည်းများအား Luanda ဖြစ်စဉ်နှင့် Nairobi ဖြစ်စဉ်တို့ကို တွန်းအားပေးရန်အတွက် ပိုမိုကြီးမားသော အခန်းကဏ္ဍမှ ပါဝင်ရန် မျှော်လင့်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ ပြဿနာဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် Bintou Keita နှင့် The Great Lakes ဒေသပြဿနာဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူး ကိုယ်စားလှယ် Xia Huang တို့သည် ညှိနှိုင်းဆောင်ရွက်မှုများကို ထိန်းသိမ်းထားပြီး ငြိမ်းချမ်းရေးစေ့စပ်ဆွေးနွေးပွဲ ပြုလုပ်ဖို့ ဆက်လက်ကြိုးပမ်းဆောင်ရွက်ရန် မျှော်လင့် ကြောင်း ပြောကြားခဲ့ပါသည်။