အမေရိကန်အား တာဝန်သိမှု သဘောထားဖြင့် ဆိုက်ဘာ နယ်ပယ် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းကာကွယ်ရန် တရုတ်မှ တိုက်တွန်း

(GMT+08:00)2024-07-09 16:26:07  

အမေရိကန်ဘက်မှ Volt Typhoonနှင့် ပတ်သက်သော သတင်းအတု လုပ်ခြင်းကို တရုတ် သက်ဆိုင်ရာ အဖွဲ့အစည်းများမှ အစီရင်ခံစာ ထုတ်ပြန်ပြီး တစ်ဆင့်တိုး ဖော်ထုတ်ခြင်းနှင့် စပ်လျဉ်း၍ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လင်ကျန့်က တရုတ်သည် အမေရိကန်မှ တာဝန်မဲ့သော လုပ်ရပ်ကို ပြင်းထန်စွာ ပြစ်တင်ရှုတ်ချကြောင်း၊ အမေရိကန်ဘက်အား ရှင်းလင်းဖော်ပြပြီး တရုတ် နိုင်ငံ အပေါ် သွားပုပ်လေလွင့် ပြောဆိုခြင်းကို ချက်ချင်း ရပ်စဲကာ တာဝန်သိမှု သဘောထားဖြင့် ဆိုက်ဘာ နယ်ပယ် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းကာကွယ်ရန် တရုတ်ဘက်မှ တိုက်တွန်း ကြောင်း ယခုလ ၈ရက်နေ့က ပြောကြားခဲ့ပါသည်။

    မကြာခင်က တရုတ် အမျိုးသား ကွန်ပျူတာ ဗိုင်းရပ်စ် အရေးပေါ် ကိုင်တွယ်ဖြေရှင်းရေး စင်တာ၊ တရုတ် အမျိုးသား ကွန်ပျူတာ ဗိုင်းရပ်စ် ကြိုတင် ကာကွယ်ရေးနှင့် ဖြေရှင်းရေး နည်းပညာ ဆိုင်ရာ အင်ဂျင်နီယာ စမ်းသပ်ခန်းနှင့် 360 ကုမ္ပဏီတို့မှ ထုတ်ပြန်ခဲ့ကြသော လူသိရှင်ကြား အစီရင်ခံစာ တစ်ရပ်တွင် ၂၀၂၃ခုနှစ် မှစ၍ အမေရိကန်ဘက်သည် Volt Typhoon အမည်တွင်သော အဖွဲ့အစည်းနှင့် ပတ်သက်၍ သတင်းဖြန့်ပြီး တစ်ကမ္ဘာလုံးတွင် တရုတ် နိုင်ငံ အပေါ် သတင်းအတုလုပ်ခြင်းကို ဆောင်ရွက်ကြောင်း ဖွင့်ချဖော်ထုတ်ခဲ့ပါသည်။