တရုတ်နိုင်ငံ၏ လျှပ်စစ်ကား အပေါ် ထောက်ပံ့ကြေးပေးခြင်း ဆန့်ကျင်မှုဆိုင်ရာ ဥရောပ၏ မဟုတ်မမှန် ပြောဆိုခြင်းကို တရုတ်ကုန်သွယ်ရေး ဝန်ကြီးဌာနက တုံ့ပြန်ပြောဆို

(GMT+08:00)2024-07-09 10:55:56  

တရုတ်နိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံအမတ်ကြီး Jorge Toledo က လပေါင်းများစွာ အတွင်း ဥရောပသမဂ္ဂသည် တရုတ်ပြည်၏ လျှပ်စစ်ကား အပေါ် အခွန် တိုးကောက်မှုနှင့် ပတ်သက်ပြီး တရုတ်ပြည်နှင့် ထိတွေရန် ရှာကြံ ခဲ့သော်လည်း တရုတ်နိုင်ငံသည် ယခုလောလောဆယ်ကျမှ တိုင်ပင်ဆွေးနွေးရန် ရှာကြံ ခဲ့သည်ဟု မကြာမီက ပြောဆိုခဲ့ကြောင်း သက်ဆိုင်ရာသတင်းအရ သိရပါသည်။

   ယင်းနှင့် ပတ်သက်ပြီး ယခုလ ၈ ရက်နေ့က တရုတ်ကုန်သွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ယင်းပြောဆိုခြင်းသည် အဖြစ်မှန်နှင့် လုံးဝ မကိုက်ညီကြောင်း၊ ၂၀၂၃ ခုနှစ် အောက်တိုဘာလက ဥရောပသမဂ္ဂသည် တရုတ်နိုင်ငံ၏ လျှပ်စစ်ကား အပေါ် ထောက်ပံ့ကြေးပေးခြင်း ဆန့်ကျင်မှုဆိုင်ရာ စုံစမ်းမှုမျာ စတင် ပြုလုပ်စဉ်ကတည်းက တရုတ်နိုင်ငံသည် နှစ်ဖက် သို့မဟုတ် ဘက်ပေါင်းစုံ နေရာများမှ တစ်ဆင့် ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြောင်း အမြဲတမ်း ဖော်ပြခဲ့ပြီး တရုတ်နှင့် ဥရောပ ဘက်စုံ မဟာဗျူဟာ မိတ်ဖက် ဆက်ဆံမှု ထိန်းသိမ်းရန်အတွက် ဥရောပ အနေနှင့် စီးပွားကုန်သွယ်ရေးဆိုင်ရာ အငြင်းပွားမှုများကို တိုင်ပင်ဆွေးနွေးသော နည်းလမ်းဖြင့် သင့်လျော်စွာ ဖြေရှင်းရန်လည်း အမြဲတမ်း တိုက်တွန်းခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

   ပြောရေးဆိုခွင့်ရှိသူက စီးပွားကုန်သွယ်ရေးကိစ္စကို နိုင်ငံရေးကိစ္စ ဖြစ်အောင်၊ လက်နက် ဖြစ်အောင် ပြုလုပ်သည့် တစ်ဖက်သတ်ဝါဒနှင့် စီးပွားကုန်သွယ်မှု ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒ လုပ်ရပ်မှန်သမျှကို တရုတ်နိုင်ငံက ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း၊ စည်းမျဉ်းစည်းကမ်းကို အလွဲသုံးစားပြုပြီး တရုတ်နိုင်ငံအား ဖိနှိပ်မှု ပြုလုပ်သည့် လုပ်ရပ်ဆိုး မှန်သမျှ အပေါ် တရုတ်နိုင်ငံက ရှိသမျှဆောင်ရွက်မှုများဖြင့် ကိုယ့်နိုင်ငံ၏ အခွင့်အရေးနှင့် အကျိုးစီးပွားများကို ထိန်းသိမ်းကာကွယ်ပါ့မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။