ပီရူးရဲတပ်ဖွဲ့သည် လီမာမြို့မြောက်ဘက် ကီလိုမီတာ ၄၀၀ အကွာရှိ Ancash ဒေသတွင် ၂၀၀၂ ခုနှစ် ဇွန်လတုန်းက ပျောက်ဆုံးသွားခဲ့သော အမေရိကန်တောင်တက်သမား William Stumpf ၏ ရုပ်အလောင်းကို တွေ့ရှိခဲ့သည်။ လွန်ခဲ့သည့် ၂၂ နှစ်တုန်းက ပီရူးနိုင်ငံ၌ မီတာ ၆၇၀၀ မြင့်သော တောင်ထိပ်သို့ တက်စဉ် ပျောက်ဆုံးသွားသော အမေရိကန်တောင်တက်သမား၏ ရုပ်အလောင်းကို မံမီ အနေအထားဖြင့် တွေ့ရှိခဲ့ကြောင်း ပီရူးရဲတပ်ဖွဲ့က ဇူလိုင် ၈ ရက်နေ့တွင် ပြောကြားခဲ့သည်။









