Air Bus မှ တရုတ်အထွေထွေတပ်ဆင်ထုတ်လုပ်သော ၇၀၀စင်းမြောက် A320စီးရီးလေယာဉ်ကို လွှဲပြောင်းပေးအပ်

(GMT+08:00)2024-07-09 16:29:44  

ဇူလိုင်လ ၈ရက်နေ့က တရုတ်နိုင်ငံ ထျန်ကျင်းမြို့၌ တည်ရှိသော Air Bus A320စီးရီး လေယာဉ်ဆိုင်ရာ အာရှအထွေထွေတပ်ဆင်ထုတ်လုပ်ရေးလိုင်းသည် ၇၀၀စင်းမြောက် A320စီးရီးလေယာဉ်ကို လွှဲပြောင်းပေးအပ်ခဲ့ပါသည်။

ယင်းသည် တရုတ်နိုင်ငံ၌ Air Bus A320စီးရီးလေယာဉ်များ ၃ပုံ ၁ပုံထက်မနည်းကို ထျန်ကျင်းမြို့မှ လွှဲပြောင်းပေးအပ်ခဲ့သည်ဟု အဓိပ္ပါယ်ရှိကြောင်း၊ တရုတ်လေကြောင်း ဈေးကွက် နှင့် တရုတ်နိုင်ငံ၌ ဆက်တိုက်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ Air Busမှ ခိုင်မာသော ကတိပြုချက်ကို ‌ပြသထားကြောင်း Air Bus ထျန်ကျင်း လွှဲပြောင်းပေးအပ်ရေးစင်တာ မန်နေဂျာချုပ် Christoph Schremppက ပြောကြားခဲ့ပါသည်။

Air Bus ထျန်ကျင်း အထွေထွေတပ်ဆင်ထုတ်လုပ်ရေးလိုင်းကို ၂၀၀၈ခုနှစ်က စတင်လည်ပတ်ခဲ့ပြီး ဥရောပတိုက်အပြင် Air Bus ၏ ပထမဆုံးသော မြို့ပြလေကြောင်း ထုတ်လုပ်ရေးလိုင်းဖြစ်ကာ ယခုအထိ ၁၅နှစ်ကျော်ကြာ အောင်မြင်စွာလည်ပတ်၍ တရုတ်-ဥရောပ ပူးပေါင်းဆောင်ရွက်ရေး စံနမူနာဖြစ်လာပါသည်။