ဝမ်ယိသည် ဘီလာရုစ် နိုင်ငံခြားရေးဝန်ကြီး Maxim Renkov နှင့် တွေ့ဆုံဆွေးနွေး

(GMT+08:00)2024-07-09 16:24:24  

 တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ယခုလ ၈ ရက်နေ့က ဘေကျင်းတွင် ဘီလာရုစ် နိုင်ငံခြားရေးဝန်ကြီး Maxim Renkov နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု ဆင်ဟွာသတင်း အရသိရပါသည်။

ဝမ်ယိက တရုတ်ပြည်အနေနှင့် ဘီလာရုစ်နှင့်အတူ နှစ်နိုင်ငံထိပ်သီးခေါင်းဆောင်တို့၏ အရေးကြီးသဘောတူညီမှုကို လက်တွေ့ကျစွာ အကောင်အထည်ဖော်ဆောင်ပြီး၊ တရုတ်- ဘီလာရုစ် ရာသီမပြတ် ဘက်စုံမဟာဗျူဟာ မိတ်ဖက်ဆက်ဆံမှုနက်ရှိုင်းစေရန် တွန်းအားပေးလိုကြောင်း ပြောကြားခဲ့ပါသည်။

Renkov က ဘီလာရုစ်အနေနှင့် သမ္မတ ရှီကျင့်ဖိန်အဆိုပြုထားသည့် ကမ္ဘာလုံးဆိုင်ရာ ကမ်းလှမ်းချက်များကို တန်ဖိုးထားချီးကျူးသည့်အပြင် ဆက်လက်နက်ရှိုင်းစွာ ပါဝင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဘက်ပေါင်းစုံဝါဒကို စွဲကိုင်ကျင့်သုံးပြီး ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို အတူတကွ ရင်ဆိုင်သွားကြမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။