လူငယ်များ အတူသွား၊ ပိုမိုများပြားသော ချစ်ကြည်ရေးပေါင်းကူးတံတားများ တည်ဆောက်

(GMT+08:00)2024-07-09 14:16:04  

ဇူလိုင်လ ၁ ရက်နေ့က တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် အမေရိကန်“လူငယ်များ အတူသွား” ကူးလူးဖလှယ်ရေးအဖွဲ့အား အမှာစကားပြောကြားရာတွင် ကူးလူးဖလှယ်ရေး အဖွဲ့သည် ယခုအကြိမ်တရုတ်ခရီးစဉ်မှတစ်ဆင့် တရုတ်နိုင်ငံကို ထိတွေ့၊ ခံစား နားလည် သိရှိနိုင်ငံရန်၊ တရုတ်လူငယ်များနှင့် ကူးလူးဆက်ဆံပြီး မိတ်ဖက်ကောင်းနှင့် မိတ်ဆွေ ကောင်းများ ဖြစ်လာရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။
    ကူးလူးဖလှယ်ရေးအဖွဲ့ဝင်များနှင့် နှစ်နိုင်ငံလုပ်ငန်းပေါင်းစုံမှ ပုဂ္ဂိုလ်များက သမ္မတ ရှီကျင့်ဖိန် ၏ အမှာစကားသည် တရုတ်-အမေရိကန်ပြည်သူများအကြားချစ်ကြည်ရေးနှင့် လူငယ်များ ကူးလူးဆက်ဆံရေးအပေါ် လွန်စွာအလေးထားမှုနှင့် တက်ကြွစွာထောက်ခံမှု များကို ပြဆိုနိုင်ကြောင်း၊ နှစ်နိုင်ငံလူငယ်များသည် ယခုအကြိမ်အခွင့်ကောင်းကိုယူပြီး နက်ရှိုင်းစွာ ကူးလူးဆက်ဆံကာ ချစ်ကြည်ရေးကို ထားရှိ၍ တရုတ်-အမေရိကန် ပြည်သူများအကြား ချစ်ကြည်ရေး တွန်းအားပေးရန်အတွက် ပိုမိုများပြားသော လူငယ် အင်အားများ ထောက်ပံ့ပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့ကြပါသည်။
    မကြာသေးမီက အမေရိကန်ပြည်နယ် ၇ ပြည်နယ်ရှိ အလယ်တန်းကျောင်း ၁၄ ခုမှ ဆရာဆရာမများနှင့် ကျောင်းသူကျောင်းသားများ ကိုယ်စားလှယ် ၁၉၀ ခန့်ဖြင့် ဖွဲ့စည်း ထားသော အမေရိကန် “လူငယ်များ အတူသွား” ကူးလူးဖလှယ်ရေးအဖွဲ့သည် တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ကြပါသည်။ သူတို့သည် ဘေကျင်း၊ ရှီကျာကွမ်း၊ ဖူကျိုးနှင့် ဟန်ကျိုးတို့သို့ လာရောက်ပြီး ဒေသခံတရုတ်ကျောင်းသူ ကျောင်းသားများနှင့် ကူးလူးဖလှယ်ပြီး တရုတ် မြို့ပြထူးခြားချက်ပါရှိသော ယဉ်ကျေးမှုနှင့် ရှေးဟောင်းယဉ်ကျေးမှု၏ ခေတ်သစ်ထွန်းကားမှုများကို ထိတွေ့ခံစားခဲ့ကြပါသည်။