မြန်မာနိုင်ငံတွင် တရုတ်ရိုးရာနှစ်သစ်ကူး ရုံးပိတ်ရက်ကို အစိုးရ ရုံးပိတ်ရက်အဖြစ် သတ်မှတ်

(GMT+08:00)2024-07-09 14:26:42  

ဇူလိုင်လ ၈ရက်နေ့က မြန်မာ နိုင်ငံတွင် တရုတ်ရိုးရာနှစ်သစ်ကူးရုံးပိတ်ရက်အား နိုင်ငံတော် ၏ အစိုးရ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ခဲ့ကြောင်း မြန်မာ အစိုးရက ကြေညာခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး ဝက်ဘ်ဆိုက်မှ သတင်းအရ သိရပါသည်။

မြန်မာနိုင်ငံရှိ နယ်ပယ်အသီးသီးများဟာ တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်ကို အလေးထားကြောင်း၊ ၂၀၂၃ခုနှစ်နှင့် ၂၀၂၄ခုနှစ်တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် မြန်မာနိုင်ငံရှိ တရုတ် အနွယ်ဖွားများနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးတို့ ပူးပေါင်းကာ ရန်ကုန်မြို့တွင် ကျင်းပသည့် နှစ်သစ်ကူးပွဲတော်သို့ တက်ရောက်ခဲ့ ကြောင်း၊ ယင်းပွဲတော် ကာလအတွင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ချန်းဟိုင်က တရုတ်ရိုးရာ နှစ်သစ်ကူးပွဲတော်ကို အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ခြင်းနှင့်ပတ်သက်၍ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဆွေးနွေးခဲ့ကြောင်း သတင်းအရ သိရှိရ သည်။