ဇူလိုင်လ ၁၅ရက်နေ့မတိုင်ခင် ဆရာဝန်များ၏ ရာထူးနုတ်ထွက်စာကို ကိုင်တွယ်ဖြေရှင်းရန် သက်ဆိုင်ရာဆေးရုံများအား တောင်ကိုရီးယားအစိုးရ တောင်းဆို

(GMT+08:00)2024-07-09 16:30:35  

ဒေသစံတော်ချိန် ဇူလိုင်လ ၈ရက်နေ့က အလုပ်သင်ဆရာဝန်များ လက်ခံသော ဆေးရုံများအား ယခုလ ၁၅ရက်နေ့မတိုင်ခင် အလုပ်သင်ဆရာဝန်များ နှင့် ဆေးရုံမှ ဆရာဝန်များ၏ နုတ်ထွက်စာကို ကိုင်တွယ်ဖြေရှင်းပြီး တိကျသော ရာထူးလစ်လပ်ရေး အခြေအနေကို သိရှိရန် တောင်ကိုရီးယားအစိုးရက တောင်းဆိုခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

ယခုအကြိမ်ဆရာဝန်များ “ရာထူးမှနုတ်ထွက်ခြင်းလှိုင်း”သည် ဖေဖော်ဝါရီလလဆန်းပိုင်းက တောင်ကိုရီးယားအစိုးရမှ ဆေးတက္ကသိုလ်များတွင် ကျောင်းသားသစ်ခေါ်ယူလက်ခံမှု တိုးချဲ့ရေးအစီအစဉ်ကို ထုတ်ပြန်ခဲ့ခြင်းကြောင့် ဖြစ်ပါသည်။ ဆေးဝါးကုသရေးလောကသည် အဆိုပါအစီအစဉ်ကို ပြင်းထန်စွာ ကန့်ကွက်ပါသည်။