ကမ္ဘာ့အမြင့်ဆုံး ချိုမိုလန်မာ တောင်ထိပ်၏ နီပေါ ပြည်တွင်းပိုင်း တောင်တက်လမ်းပေါ်ရှိ အမြင့်ဆုံးအခြေစိုက်စခန်း၌ အမှိုက်တန် ဆယ်ချီ ရှိကာ အားလုံး ရှင်းလင်းရန် နှစ်ချီ လိုအပ်

(GMT+08:00)2024-07-08 14:14:26  

   ယခုလ ၆ ရက်နေ့က AP သတင်းဌာနမှ သတင်းအရ နီပေါ အစိုးရမှ ထောက်ပံ့မှုဖြင့် ရှာပါလူမျိုးများ၊ တပ်သားများဖြင့် ဖွဲ့စည်းထားသော သန့်ရှင်းရေးအဖွဲ့တစ်ဖွဲ့သည် ချိုမိုလန်မာ တောင်ထိပ်၌ အမှိုက်များ ရှင်းလင်းရေးတာဝန်ကို ထမ်းဆောင်နေကြောင်း၊ ယခုနှစ် နွေဦး တောင်တက်ရာသီတွင် ယင်းသန့်ရှင်းရေးအဖွဲ့သည် အမှိုက် ၁၁ တန်ကို ရှင်းလင်းခဲ့ပြီး သေဆုံးသူ ၄ ဦး၏ ရုပ်အလောင်းနှင့် သေဆုံးသူတစ်ဦး၏ အရိုးကို တောင်အောက်သို့ သယ်ဆောင်ပေးခဲ့ကြောင်း သိရပါသည်။

  သန့်ရှင်းရေးအဖွဲ့မှ တာဝန်ခံ အောင်ပါဘူရှာပါ၏ ခန့်မှန်းချက်အရ တောင်ထိပ်၏ အမြင့်ဆုံး အခြေစိုက်စခန်းတွင် အမှိုက်တန်ချိန် ၄၀ မှ ၅၀ အထိ ရှိနိုင်ကြောင်း၊ ယင်းအခြေစိုက်စခန်းသည် ပင်လယ်ပြင်အထက် မီတာ ၈၀၀၀ ၌ တည်ရှိပြီး  အမှိုက်များသည် ကာလကြာရှည်စွာ ရေခဲဆီးနှင်းများအောက် နစ်မြုပ်နေကြောင်း  သတင်းရရှိပါသည်။