ရှီကျင့်ဖိန်သည် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဝင် နိုင်ငံများ မြစိမ်းရောင် ဖွံ့ဖြိုး တိုးတက်ရေး ဖိုရမ်ထံသို့ ဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့

(GMT+08:00)2024-07-08 14:39:29  

ယခုလ ၈ရက်နေ့တွင် တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဝင် နိုင်ငံများ မြစိမ်းရောင် ဖွံ့ဖြိုး တိုးတက်ရေး ဖိုရမ်ထံသို့ ဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့ပါသည်။

ယင်းသဝဏ်လွှာတွင် ရှီကျင့်ဖိန်က သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးနှင့် မြစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေးသည် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဝင် နိုင်ငံများ၏ သဘောတူညီချက် ဖြစ်ကြောင်း၊ ယခုအကြိမ် ဖိုရမ် ကျင်းပခြင်းဖြင့် ဘက်အသီးသီးတို့နှင့် မြစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှု နယ်ပယ်တွင် ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အားဖြည့်ပြုလုပ်ပြီး နိုင်ငံ အသီးသီးတို့၏ စီးပွားရေးနှင့် လူမှုရေး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးကာ လူသားနှင့် သဘာဝ အကြား သဟဇာတရှိရှိ ယှဉ်တွဲ‌နေထိုင်ရေးကို တိုးမြှင့်ရန် မျှော်လင့်ကြောင်း  ရေးသားဖော်ပြ ထားပါသည်။

ထို့အပြင် ရှီကျင့်ဖိန်က ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့သည် နိုင်ငံတကာ ဆက်ဆံရေးနှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးသစ် အတွက် စံနမူနာ ဖြစ်ကြောင်း၊ တရုတ် နိုင်ငံ အနေနှင့် ဘက်အသီးသီးတို့နှင့် အတူ စည်းလုံးညီညွတ်မှုနှင့် ညှိနှိုင်း၊ ပူးပေါင်း ဆောင်ရွက်မှုများကို အားဖြည့်ပြီး မြစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးကာ အတူ တကွ ဖွံ့ဖြိုးတိုးတက်ရေး အခန်းကဏ္ဍသစ်ကို ဖွင့်လှစ်၍ ပိုမိုရင်းနှီးသော ရှန်ဟိုင်း ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ ကံကြမ္မာတူ အသိုက်အဝန်းကို လက်တွဲ တည်ဆောက်ရန် ကြိုးပမ်း ဆောင်ရွက်လိုကြောင်းလည်း အလေးထား ရေးသားဖော်ပြထားပါသည်။