နိုင်ဂျီးရီးယားသမ္မတသည် အနောက်အာဖရိက နိုင်ငံများ စီးပွားရေးအသိုင်းအဝိုင်းအလှည့်ကျဥက္ကဋ္ဌအဖြစ် ပြန်လည်ရွေးချယ်ခံရ

(GMT+08:00)2024-07-08 14:07:09  

ဒေသစံတော်ချိန် ဇူလိုင်လ ၇ရက်နေ့က အနောက်အာဖရိက နိုင်ငံများ စီးပွားရေးအသိုင်းအဝိုင်းသည် နိုင်ဂျီးရီးယားနိုင်ငံ Abuja မြို့တော်တွင် ၆၅ ကြိမ်မြောက် နိုင်ငံအကြီးအကဲများနှင့် အစိုးရထိပ်သီးအစည်းအဝေးကျင်းပပြီး နိုင်ဂျီးရီးယားသမ္မတ Tinubuအား အနောက်အာဖရိက နိုင်ငံများ စီးပွားရေးအသိုင်းအဝိုင်းအလှည့်ကျဥက္ကဋ္ဌအဖြစ် ပြန်လည်ရွေးချယ်ခဲ့ကာ ၁နှစ်ကြာတာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း၊ သမ္မတ Tinubuက အဖွင့်မိန့်ခွန်းတွင် ဒီမိုကရေစီတန်ဖိုးအမြင်ကို ခိုင်မာစေရန်နှင့် ဒေသတွင်းအဖွဲ့အစည်းများ၏ အကျိုးစီးပွားကို ကာကွယ်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်ဟု သတင်းအရ သိရပါသည်။