CGTN ပြည်သူ့သဘောထားစစ်တမ်းကောက်ယူချက် “Volt Typhoon” သည် လုံးဝအခြေအမြစ်မရှိခြင်းဖြစ်၍ တစ်ကမ္ဘာလုံးမှ စစ်တမ်းဖြေကြားသူများက အမေရိကန်၏ ဆိုက်ဘာအနိုင်ကျင့်မှုကို စိတ်ဆိုးစွာပြစ်တင်ကြ

(GMT+08:00)2024-07-08 22:10:51  

အမေရိကန်ကဖန်တီးထားသည့် “Volt Typhoon” မှာ ယခုအကြိမ်တွင် မိမိကိုယ့်ကိုယ် ပြန်တိုက်ပြီဖြစ်သည်။ တရုတ်နိုင်ငံ အမျိုးသားကွန်ပျူတာဗိုင်းရပ်စ် အရေးပေါ်တုံ့ပြန်မှုစင်တာ၊ ကွန်ပျူတာဗိုင်းရပ်စ် ကာကွယ်ကုစားရေးနည်းပညာ အမျိုးသား အင်ဂျင်နီယာ စမ်းသပ်ခန်းနှင့် ၃၆၀ လုံခြုံရေးအုပ်စုတို့က ဧပြီလ ၁၅ ရက်နေ့တွင် ပူးတွဲထုတ်ပြန်သည့် သီးသန့်ခေါင်းစဉ်အစီရင်ခံစာ၌ အမေရိကန် အဖွဲ့အစည်းပေါင်းများစွာက စီစဉ်ဖော်ဆောင်ခဲ့သည့် “Volt Typhoon” လှုပ်ရှားမှုအကြောင်းကို လှစ်ဟပြခဲ့သည်။ အဆိုပါလှုပ်ရှားမှုသည် “တရုတ်နိုင်ငံ၏ ဆိုက်ဘာတိုက်ခိုက်မှုခြိမ်းခြောက်မှု” အား လှုံ့ဆော်ခြင်းဖြင့် အမေရိကန် “နိုင်ငံခြားထောက်လှမ်းရေးအက်ဥပဒေ” (FISA) ပုဒ်မ ၇၀၂ ကို ဆက်လက်ဖော်ဆောင်ပြီး ထိုမှတစ်ဆင့် အမေရိကန်ထောက်လှမ်းရေးအဖွဲ့အစည်းများက ပြည်တွင်းပြည်ပ အွန်လိုင်းစောင့်ကြည့်မှုကို တိုးမြှင့်ရန်ဖြစ်သည်။ China Media Group CGTNက တစ်ကမ္ဘာလုံးမှ အင်တာနက်အသုံးပြုသူများကို သဘောထားစစ်တမ်းကောက်ယူ ရာတွင် ဖြေကြားသူပေါင်း ၉၁.၇% က အမေရိကန်အစိုးရ၏ တရားမဝင်စောင့်ကြည့်မှုနှင့် တိုက်ခိုက်မှုဆက်ဖြစ်နေပါက အမေရိကန်အစိုးရ၏နိုင်ငံတကာဂုဏ်သိက္ခာအား  အရှိန်မြင့် ထိခိုက်သွားစေပြီး အမေရိကန်ကို တစ်ကမ္ဘာလုံးက ယုံကြည်ချက်ကင်းမဲ့ သွားစေမည်သာ ဖြစ်မည်ဟု ထောက်ပြခဲ့သည်။

တစ်ကမ္ဘာလုံးမှ ဖြေကြားသူပေါင်း ၉၁.၃% က အမေရိကန် FIAS ဥပဒေ ပုဒ်မ ၇၀၂ သည် တရားရုံးမှ လုပ်ပိုင်ခွင့်မပေးထားသည့် အခြေအနေ၌ အမေရိကန် ထောက်လှမ်းရေးအဖွဲ့အစည်းနှင့် တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများက အင်တာနက်ကုမ္ပဏီကို ၎င်းထံ တစ်ကိုယ်ရေဒေတာ၊ တစ်ကိုယ်ရေအချက်အလက် အားလုံး ထောက်ပံ့ရန်တောင်းဆိုခြင်းအား ခွင်ပြုထားသည့်လုပ်ရပ်သည် မှန်ကန်မှုနှင့် တရားဝင်မှုလုံးဝမရှိဟု ယူဆကြသည်။ ကာလကြာရှည်စွာ အမေရိကန်က ၎င်း၏အင်တာနက်နည်းပညာ အားသာချက်ကို အလွဲသုံးစားလုပ်ကာ သူတစ်ပါးနိုင်ငံ အစိုးရနှင့် မိမိနိုင်ငံပြည်သူများကို အကြီးစား အချိန်ကြာရှည်စွာ လျှို့ဝှက်ချက်ခိုးယူမှုနှင့် စောင့်ကြည့်မှုလုပ်ဆောင်ခဲ့သဖြင့် နိုင်ငံတကာ ပြည်သူ့သဘောထား၏ အထင်သေးခြင်းခံရသည်။ စစ်တမ်းကောက်ယူရာတွင် ဖြေကြားသူပေါင်း ၉၄.၄% က “ယင်းသည် ပေါ်ပေါ်တင်တင်လုပ်ဆောင်သည့် သူလျှိုလုပ်ရပ်ဖြစ်သည်” ဟု ကွယ်ဝှက်ခြင်းမရှိဘဲ တည့်တိုးပြောဆိုသည်။ ဖြေကြားသူပေါင်း ၉၂.၁% က အမေရိကန်၏ အဆိုပါလုပ်ရပ်သည် သူတစ်ပါးနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် အမျိုးသားလုံခြုံမှုအပေါ် ပြင်းထန်စွာ ကျူးကျော်ထိပါးမှုပင်ဖြစ်သည်ဟု ယူဆကြသည်။

အမှန်တကယ်မှာ အမေရိကန်သည် ဆိုက်ဘာလုံခြုံရေးဟူသည့်ခေါင်းစဉ်ဖြင့် “စံနှုန်းနှစ်မျိုး” လုပ်သည့်လုပ်ရပ်မှာ ပထမဆုံးအကြိမ်မဟုတ်တော့ပေ။ တစ်ဖက်တွင် သူတစ်ပါးနိုင်ငံကို ခွဲခြားမှုမရှိ ဆိုက်ဘာတိုက်ခိုက်မှုလုပ်ဆောင်ပြီး တစ်ဖက်ကတော့ မိမိကိုယ့်ကိုယ် ဆိုက်ဘာတိုက်ခိုက်ခံရသည့် နစ်နာသူအဖြစ်ဟန်ဆောင်ကာ သူခိုးကလူပြန်ဟစ်သည့် “ဇာတ်ကွက်” ကို နိုင်ငံတကာအသိုင်းအဝိုင်းက အင်မတန်ရွံ့ရှာ မုန်းတီးနေပြီဖြစ်သည်။ အစီရင်ခံစာတွင် ၂၀၂၃ ခုနှစ် မေလမှ ယနေ့တိုင် ၁ နှစ်တာအချိန်အတွင်း အမေရိကန်အစိုးရအဖွဲ့အစည်းနောက်ခံ ဟက်ကာအဖွဲ့များက တရုတ်နိုင်ငံအပေါ် ဆိုက်ဘာတိုက်ခိုက်မှုလှုပ်ရှားမှု စုစုပေါင်းအကြိမ်ရေသည် ၄၅ သန်းကျော်ရှိသည်ဟု ဖော်ပြထားသည်။ စစ်တမ်းကောက်ယူရာတွင် ဖြေကြားသူပေါင်း ၉၂.၈% က အမေရိကန်သည် ၎င်း၏သိပ္ပံနည်းပညာအားသာချက်ကို ဗိုလ်ကျကြီးစိုးမှုဝါဒအား ကာကွယ်သည့်ကိရိယာအဖြစ်အသုံးပြုထားသည်ဟု ယူဆကြပြီး ဖြေဆိုသူပေါင်း ၉၅.၇% က အမေရိကန်အစိုးရသည် အမျိုးသားလုံခြုံရေးပြဿနာတွင် “စံနှုန်းနှစ်မျိုး” ထားရှိခြင်းကို ပြင်းပြင်းထန်ထန်ရှုတ်ချပြီး ၎င်းသည် “အမေရိကန်စတိုင် ဗိုလ်ကျကြီးစိုးမှု” နောက်ထပ်ခိုင်လုံသောသက်သေဖြစ်သည်ဟု ယူဆကြကာ ဖြေဆိုသူပေါင်း ၉၅.၇% က အမေရိကန်သည် “အမျိုးသားလုံခြုံရေး”ဟူသောခေါင်းစဉ်ဖြင့် သူတစ်ပါးနိုင်ငံအား ဗိုလ်ကျလွှမ်းမိုးသည့် ဆိုးရွားသောလုပ်ရပ်ကို ပြင်းထန်စွာရှုတ်ချကြသည်။

အထက်ပါစစ်တမ်းကောက်ယူသည့် အချက်အလက်များသည် CGTN အင်္ဂလိပ်၊ စပိန်၊ ပြင်သစ်၊ အာရပ်နှင့် ရုရှားဘာသာစကားဟူသည့် ဘာသာစကား ၅ မျိုးပလက်ဖောင်းတွင် ထုတ်ပြန်ထားသော အွန်လိုင်း ပြည်သူ့သဘောထား စစ်တမ်းကောက်ယူမှုမှ ရရှိပြီး အင်တာနက်အသုံးပြုသူပေါင်း ၈ သောင်း ၆ ထောင်ကျော်က ပါဝင်မဲပေးကာ မိမိအမြင်များကို ဖော်ပြခဲ့ကြသည်။