"ဟောင်ကောင်ယာဉ်များ မြောက်သို့သွားခြင်း"မူဝါဒကို လက်တွေ့ဖော်ဆောင်ပြီး ဝင်-ထွက်ယာဉ်စီးရေ ၁ သန်းကျော်ရှိ

(GMT+08:00)2024-07-08 14:08:35  

ဟောင်ကောင်-ကျူးဟိုင်-မကာအို တံတား နယ်ခြားစစ်ဆေးရေးစခန်းမှ စာရင်းအရ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် "ဟောင်ကောင်ယာဉ်များ မြောက်သို့သွားခြင်း" မူဝါဒကို လက်တွေ့ဖော်ဆောင်ခဲ့ချိန်ကစပြီး ယခုနှစ် ဇူလိုင်လ ၇ ရက်နေ့ ညနေ ၅ နာရီ ၃၅ မိနစ်အထိ ဟောင်ကောင်-ကျူးဟိုင်း-မကာအို တံတားမှတစ်ဆင့် ဝင်-ထွက်သော ဟောင်ကောင်ယာဉ်စီးရေ ၁ သန်းကျော်ရှိပြီး လစဉ် ပျမ်းမျှ တိုးတက်မှုနှုန်း ၃၃.၈ ကျော် ဖြစ်ကာ လစဉ် မြင့်တက်လာနေကြောင်း သိရပါသည်။

"ဟောင်ကောင်ယာဉ်များ မြောက်သို့သွားခြင်း" မူဝါဒသည် ဟောင်ကောင်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကွမ်ကျိုး-ဟောင်ကောင်-မကာအို ဒေသကြီး တည်ဆောက်ရေးတွန်းအားပေးရန် ဗဟိုအစိုးရမှ အရေးကြီး ဆောင်ရွက်မှုများထဲမှ တစ်ခုဖြစ်ပါသည်။