ဟူနန်နှင့် ကျန်းရှီးပြည်နယ်တို့တွင် ရေဘေးပြီးနောက် အရေးပေါ် နာလန်ပြန်ထူရေးအတွက် NDRC က ယွမ်ငွေ သန်းပေါင်း ၂၀၀ စီစဉ်ပေးအပ်

(GMT+08:00)2024-07-08 14:13:07  

ဟူနန်ပြည်နယ် ယွက်ယန်မြို့ ဟွာရုံ ခရိုင်နှင့် ဖိန်ကျန်းခရိုင် နှင့် ကျန်းရှီးပြည်နယ် ဘေးသင့်ရာနေရာများမှ ပျက်စီးသွားသော စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဆည်မြောင်းတာတမံနှင့် ရေလျှံမှု ကာကွယ်ရေး အဆောက်အအုံများ အရေးပေါ် ပြန်လည်တည်ဆောက်ရေးပြုလုပ်ရန် နှင့် ဘေးသင့်ဒေသများတွင် ထုတ်လုပ်မှုနှင့် နေထိုင်မှု အမြန်ဆုံး ပြန်လည် ပုံမှန် ဖြစ်စေရေးကို တွန်းအားပေးရန်အတွက် တရုတ်နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင်(NDRC) သည် ဗဟိုဘတ်ဂျက်မှ ရင်းနှီးငွေ ယွမ် သန်းပေါင်း ၂၀၀ ကို စီစဉ်ပေးအပ်ခဲ့ကြောင်း ၇ ရက်နေ့ NDRC မှ သတင်းအရ သိရပါသည်။