ဂါဇာမြို့ရှိ စာသင်ကျောင်းအား အစ္စရေးတပ်ဖွဲ့၏လေကြောင်း တိုက်ခိုက်မှုကြောင့် ၄ ဦးသေဆုံးဟု ပါလက်စတိုင်းဆို

(GMT+08:00)2024-07-08 14:12:31  

ဒေသစံတော်ချိန် ဇူလိုင်လ ၇ ရက်နေ့က အစ္စရေး ကာကွယ်ရေးတပ်မတော်မှ ကြေညာချက် ထုတ်ပြန်ခဲ့ရာ ထိုနေ့တွင် အစ္စရေးစစ်တပ်က ဂါဇာမြို့ရှိ စာသင်ကျောင်းတစ်ကျောင်းမှ အဆောက်အဦအား လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း၊ သက်ဆိုင်ရာ အချက်အလက်အရ ပါလက်စတိုင်း အစ္စလာမ္မစ် ခုခံရေး လှုပ်ရှားမှု (ဟားမတ်စ်) အဖွဲ့မှ လက်နက်ကိုင် သမားများသည် ယင်းအဆောက်အဦတွင် ပုန်းအောင်းနေပြီး လှုပ်ရှားမှုလည်း ပြုလုပ်ခဲ့ကြောင်း ပြောကြားသည်။

ပါလက်စတိုင်းမှသတင်းအရ ယခုအကြိမ် အစ္စရေးတပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းနိုင်ငံသား ၄ ဦး သေဆုံးပြီး အချို့ ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းစာသင်ကျောင်းသည် ဂါဇာမြို့ အနောက်ပိုင်းဒေသတွင် တည်ရှိပြီး လက်ရှိ အိုးမဲ့အိမ်မဲ့များ နေထိုင်လျက်ရှိကြောင်း သိရပါသည်။