ဇွန်လလကုန်ပိုင်းအထိ တရုတ်နိုင်ငံ၏ နိုင်ငံခြားအရန်ငွေပမာဏသည် အမေရိကန်ဒေါ်လာ ၃၂၂၂.၄ဘီလီယံရှိ

(GMT+08:00)2024-07-08 14:06:23  

တရုတ် နိုင်ငံခြားငွေ စီမံအုပ်ချုပ်ရေးဗျူရိုမှ ဇူလိုင်လ ၇ရက်နေ့က ထုတ်ပြန်သော စာရင်းအရ ၂၀၂၄ခုနှစ် ဇွန်လလကုန်ပိုင်းအထိ တရုတ်နိုင်ငံ၏ နိုင်ငံခြားအရန်ငွေပမာဏ သည် အမေရိကန်ဒေါ်လာ ၃၂၂၂.၄ဘီလီယံရှိပြီး မေလလကုန်ပိုင်းကထက် အမေရိကန်ဒေါ်လာ ၉.၇ဘီလီယံကျဆင်းကာ ကျဆင်းမှုနှုန်း ၀.၃ ရာခိုင်နှုန်းရှိကြောင်း သတင်းရရှိပါသည်။

တရုတ် နိုင်ငံခြားငွေစီမံအုပ်ချုပ်ရေးဗျူရို သက်ဆိုင်ရာတာဝန်ခံမှ ၂၀၂၄ခုနှစ် ဇွန်လက အမေရိကန်ဒေါ်လာအညွှန်းကိန်းတက်လာပြီး ကမ္ဘာလုံးငွေကြေးအရင်းအမြစ်ဈေးနှုန်း ယေဘုယျအားဖြင့် မြင့်တက်လာကြောင်း၊ သို့သော် တရုတ် စီးပွားရေးလည်ပတ်မှုသည် ပြန်တက်ခြင်းနှင့်ကောင်းမွန်လာခြင်းအခြေအနေများကို ဆက်လက်ထိန်းထားပြီး အရည်အသွေးမြင့်မားစွာဖွံ့ဖြိုးတိုးတက်မှုကို ခိုင်မာစွာတွန်းအားပေးကာ နိုင်ငံခြားအရန်ငွေ ပမာဏ၏ အခြေခံတည်ငြိမ်မှုကိုဆက်လက်ထိန်းထားရန် ပံ့ပိုးပေးကြောင်း ပြောကြားခဲ့ပါသည်။