ရှီကျင့်ဖိန်သည် ဆော်လမွန်ကျွန်းစု နိုင်ငံ ဘုရင်ခံသစ် David Tiva Kapuထံသို့ ဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့

(GMT+08:00)2024-07-08 14:38:55  

ယခုလ ၈ရက်နေ့တွင် တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် David Tiva Kapuထံသို့ သဝဏ်လွှာ ပေးပို့ပြီး ၄င်းအား ဆော်လမွန်ကျွန်းစု နိုင်ငံ ဘုရင်ခံ အဖြစ် တာဝန် ထမ်းဆောင်ခြင်း အတွက် ဂုဏ်ပြုကြောင်း ဖော်ပြပါသည်။

ယင်းသဝဏ်လွှာတွင် ရှီကျင့်ဖိန်က ယခုနှစ်သည် တရုတ်-ဆော်လမွန်ကျွန်းစု အကြား သံတမန် ဆက်ဆံမှု ထားရှိသည့် ၅နှစ် ပြည့်မြောက်သည့်နှစ် ဖြစ်ကြောင်း၊ မိမိသည် တရုတ်-ဆော်လမွန်ကျွန်းစု ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေး အပေါ် အလွန် အလေးထားပြီး ဘုရင်ခံနှင့် အတူ တရုတ်-ဆော်လမွန် ကျွန်းစု ခေတ်သစ် ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံမှုကို အဆင့်သစ်သို့ အဆက်မပြတ် တက်လှမ်းပြီး နှစ်နိုင်ငံ ပြည်သူများ အတွက် ပိုမို ကောင်းမွန်စွာ အကျိုးပြုနိုင်ရန် ကြိုးပမ်းဆောင်ရွက်လိုကြောင်း ဖော်ပြထား ပါသည်။