တရုတ်နှင့် ဘီလာရုစ်တို့သည် Eagle Assault-2024 ကြည်းတပ် ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်မည်

(GMT+08:00)2024-07-08 14:11:32  

 တရုတ်နှင့် ဘီလာရုစ်တို့သည် နှစ်နိုင်ငံနှစ်ပတ်လည် အစီအစဉ်နှင့် သဘောတူညီချက် အရ ဇူလိုင်လ ပထမ ဆယ်ရက်ပတ်နှင့် ဒုတိယ ဆယ်ရက်ပတ်တွင် ဘီလာရုစ်နိုင်ငံ Brest မြို့အနီး၌ Eagle Assault-2024 ကြည်းတပ် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ပြုလုပ်မည် ဖြစ်သည်။ ယခုအကြိမ် ပူးတွဲ စစ်ရေးလေ့ကျင့်မှု၏ ဆောင်ပုဒ်သည် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဖြစ်ပြီး ဓားစာခံများ ကယ်တင်ခြင်း၊ အကြမ်းဖက်မှုကို ပူးတွဲ တိုက်ဖျက်ခြင်း စသည့် လေ့ကျင့်မှုများ ပူးတွဲ ပြုလုပ်မည် ဖြစ်ကာ ရည်ရွယ်ချက်သည် တပ်ဖွဲ့များ၏ အရည်အချင်းနှင့် ပူးပေါင်းဆောင်ရွက်ရေး စွမ်းအားကို တိုးမြှင့်ရန်နှင့် နှစ်နိုင်ငံ ကြည်းတပ်များအကြား လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရန် ဖြစ်ပါသည်။