ယင်းနေရာ သတ်မှတ်ချက်သစ်သည် တရုတ်-တာဂျစ်ကစ္စတန် ပူးပေါင်းဆောင်ရွက်မှု ရှေ့အလားအလာသစ်ကို ဖွင့်လှစ်

(GMT+08:00)2024-07-07 12:29:24  

တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် ယခုလ ၄ရက်နေ့မှ ၆ရက်နေ့အထိ တာဂျစ်ကစ္စတန် နိုင်ငံတွင် တရားဝင် ခရီးလှည့်လည်ရာ၌ နှစ်နိုင်ငံတို့က ခေတ်ကာလသစ် တရုတ်-တာဂျစ်ကစ္စတန် ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက် ဆက်ဆံမှုကို တည်ဆောက်ကြမည်ဟု ကြေညာခဲ့ပါသည်။ ယင်းသည် ပိုမိုမြင့်မားသည့် အစပြုရာတွင် တရုတ်-တာဂျစ်ကစ္စတန် ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေး  အတွက် စီမံကိန်းသစ်ကို ချမှတ်ခြင်း ဖြစ်ပါသည်။

တရုတ် ယနေ့ခေတ် နိုင်ငံတကာ ဆက်ဆံရေး သုတေသန အကယ်ဒမီ ဥရောပနှင့် အာရှသုတေသနဌာန ဌာနမှူး ဒင်းရှောင်ရှင်းက တရုတ်-တာဂျစ်ကစ္စတန် ဆက်ဆံမှု အတွက် ယင်းနေရာ သတ်မှတ်ချက်သစ်သည် နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်များက ကိုယ့်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာနှင့် လက်ရှိ နိုင်ငံတကာ အခြေအနေကို အပြည့်အဝ ထည့် သွင်း စဉ်းစားပြီး ပြုလုပ်ခဲ့ကြသော အစီအစဉ်ပေးမှုသစ် ဖြစ်ကြောင်း၊ အနာဂတ်တွင်  တရုတ်-တာဂျစ်ကစ္စတန် ဆက်ဆံရေးသည် ပိုမိုခိုင်မာရင်းနှီးလာပြီး နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုသည် အခွင့်အလမ်းသစ်များ ရရှိမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

လက်ရှိတွင် တရုတ်နှင့် တာဂျစ်ကစ္စတန် နှစ်နိုင်ငံတို့သည် နိုင်ငံတော် ဖွံ့ဖြိုး တိုးတက် ရေးနှင့် ရှင်သန်ရေး၏ သော့ချက်ကျသော အဆင့်ကာလတွင် ရှိနေပါသည်။ တရုတ် နိုင်ငံ သည် တရုတ် အသွင်ပုံစံ ခေတ်မီရေး တည်ဆောက်မှုကို အင်တိုက်အားတိုက် ဖော်ဆောင် နေသလို တာဂျစ်ကစ္စတန် နိုင်ငံသည်လည်း “၂၀၃၀ပြည့်နှစ် မတိုင်မီတွင် အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး မဟာဗျူဟာ”ကို အကောင်အထည်‌ ဖော်ဆောင်ရန် ကြိုးပမ်း ဆောင်ရွက် လျက်ရှိသည်။ ယခုအကြိမ် နှစ်နိုင်ငံ ဆက်ဆံမှု အဆင့် တိုးမြှင့်ရေးသည် နှစ်နိုင်ငံတို့၏ ဖွံ့ဖြိုး တိုးတက်ရေး လိုအပ်ချက်နှင့် ကိုက်ညီပြီး နှစ်နိုင်ငံတို့၏ ဘုံလိုအပ်ချက်ကို ရောင်ပြန် ထင်ဟပ်နေပါသည်။

နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်များသည် နှစ်နိုင်ငံ ဆက်ဆံရေး ဆိုင်ရာ အဆင့်နေရာ သတ်မှတ်ချက်သစ် ဖော်ဆောင်ရေးနှင့် ပတ်သက်၍ တိတိကျကျ စီစဉ်ပေးပါသည်။ အောက်ပါ အချက်များကို ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ပါသည်။ ပထမ အချက်က နိုင်ငံ ရေး အပြန်အလှန် ယုံကြည်မှုသည် နှစ်နိုင်ငံ ဆက်ဆံမှု အတွက် အခြေခံ အုတ်မြစ် ဖြစ်ပါသည်။ ဒုတိယ အချက် ကတော့ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုသည် နှစ်နိုင်ငံ ဆက်ဆံရေး အတွက် ရုပ်ပိုင်းဆိုင်ရာ အခြေခံ အုတ်မြစ်ကို ခိုင်မာစွာ ချမှတ်ပေးခြင်း ဖြစ်ပါသည်။ တတိယ အချက်က ပြည်သူတို့၏ စားဝတ်နေရေး အတွက် အကျိုးရှိသည့် ကူးလူးဖလှယ်မှု များပြားလာလျှင် နှစ်နိုင်ငံ ပြည်သူများ အကြား သိရှိနားလည်မှုနှင့် ခင်မင်ရင်းနှီးမှုကို တိုးပွာစေမည် ဖြစ်သည်။

ပိုမို မြင့်မားသည့် အစပြုရာတွင် ရပ်တည်နေပြီး တရုတ်နှင့် တာဂျစ်ကစ္စတန် နှစ်နိုင်ငံတို့သည် ဆက်လက် လက်တွဲပြီး နှစ်နိုင်ငံ ပြည်သူများ အတွက် ပိုမိုများပြားသည့် သုခချမ်းသာများကို ဖန်တီးပေးကြမည် ဖြစ်ပါသည်။ တရုတ်-တာဂျစ်ကစ္စတန် ပူးပေါင်း ဆောင်ရွက်မှုသည် ရှေ့အလားအလာ များစွာ ရှိပြီး ဇောက်ချ၍ လုပ်ကိုင်နိုင်ပါသည်။ တရုတ်- တာဂျစ်ကစ္စတန် ကံကြမ္မာတူ အသိုက်အဝန်းသည်လည်း ပိုမို သာယာကောင်းမွန်သည့် အနာဂတ်ကို ရရှိမည်မှာ မုချမလွဲ ဖြစ်ပါသည်။