ဇူလိုင်လ ၅ရက်နေ့က တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် တာဂျစ်ကစ္စတန်နိုင်ငံသို့ တရားဝင် ခရီးလှည့်လည်သည့် အခါသမယတွင် China Media Groupမှ ပြုလုပ်သော “ရှီကျင့်ဖိန် နှစ်သက် သဘောကျသည့် ဂန္ထဝင်စာသားများ” ရုပ်သံအစီအစဉ် တတိယပိုင်း (တာဂျစ်ကစ္စတန်ဘာသာ) ကို တာဂျစ်ကစ္စတန် မီဒီယာများတွင် ထုတ်လွှင့်ခြင်းအခမ်းအနားကို Dushanbeမြို့တော်၌ ကျင်းပခဲ့ကြောင်း၊ ထိုနေ့တွင်ပင် တာဂျစ်ကစ္စတန် ဟိုဗာလ်အမျိုးသားသတင်းဌာန၊ ဇာဟွန်နာမိုအမျိုးသားရုပ်မြင်သံကြားဌာနနှင့် ဆာဖီနာအမျိုးသားရုပ်မြင်သံကြားဌာနစသော အဓိကမီဒီယာပလက်ဖောင်းများတွင် ၎င်း အစီအစဉ်ကို စတင် ထုတ်လွှင့်ပြသခဲ့ ကြောင်း သတင်းအရ သိရပါသည်။
“ရှီကျင့်ဖိန် နှစ်သက် သဘောကျသည့် ဂန္ထဝင်စာသားများ” တတိယပိုင်း (တာဂျစ်ကစ္စတန် ဘာသာ) ကို တာဂျစ်ကစ္စတန်မီဒီယာများတွင် ထုတ်လွှင့်ပြသ
(GMT+08:00)2024-07-06 13:40:29