ရှီကျင့်ဖိန်သည် တာဂျစ်ကစ္စတန်သမ္မတ Rahmonနှင့် တွေ့ဆုံ

(GMT+08:00)2024-07-06 13:41:39  

တရုတ်နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် ဇူလိုင်လ ၅ရက်နေ့ညနေပိုင်းက ဒူရှန်ဘီမြို့၌ တာဂျစ်ကစ္စတန်နိုင်ငံ သမ္မတ Rahmonနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

ရှီကျင့်ဖိန်က တရုတ်နှင့် တာဂျစ်ကစ္စတန်နှစ်နိုင်ငံတို့သည် တောတောင်ရေမြေချင်း ဆက်စပ်ပြီး အပြန်အလှန် အမှီသဟဲပြု၍ အေးအတူပူအမျှ ဖြစ်ကြောင်း၊ မိမိတို့သည် ခေတ်သစ် တရုတ်-တာဂျစ်ကစ္စတန် ဘက်စုံ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက် ဆက်ဆံမှုကို ဖွံ့ဖြိုးတိုးတက်ပြီး နယ်ပယ်အသီးသီးဆိုင်ရာ အပြန်အလှန်အကျိုးရှိစေသော နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးနှင့်ပတ်သက်၍ စီမံကိန်းသစ်များ ချမှတ်မည်ကို အတူတူ ကြေညာကြမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။