တရုတ်သမ္မတ Xi Jinping နှင့် တာဂျစ်ကစ္စတန် သမ္မတ Emomali Rahmon သတင်းထောက်များနှင့် တွေ့ဆုံခဲ့

(GMT+08:00)2024-07-06 19:19:15  

ဒေသစံတော်ချိန် ဇူလိုင်လ ၅ ရက်နေ့ မွန်းလွဲပိုင်းတွင် တရုတ်နိုင်ငံသမ္မတ Xi Jinping နှင့် တာဂျစ်ကစ္စတန်နိုင်ငံ သမ္မတ Emomali Rahmon သည် ဒူရှန်ဘဲမြို့ သမ္မတအိမ်တော်၌ တွေ့ဆုံဆွေးနွေးပြီးနောက် သတင်းထောက်များနှင့် တွေ့ဆုံခဲ့သည်။

သမ္မတ Xi Jinping က ကမ္ဘာပေါ်တွင် ရာစုနှစ်အပြောင်းအလဲများ အရှိန်အဟုန်ဖြင့် ပြောင်းလဲလာသည့်အခြေအနေတွင် နိုင်ငံတကာအသိုက်အဝန်းများအကြား စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်ရေး၏ အရေးပါမှုများ ပိုမိုထင်ရှားလာကြောင်း၊ တရုတ်နိုင်ငံသည် တန်းတူညီမျှ၍ စနစ်ကျသော  ကမ္ဘာ အစွန်းမျိုးစုံရှိခြင်းနှင့် ကျယ်ကျယ်ပြန့်ပြန့်အကျိုးပြု၍ အားလုံးပါဝင်နိုင်သော စီးပွားရေးဂလိုဘယ်လိုက်ဇေးရှင်းကို အဆိုပြုထားကြောင်း၊ တာဂျစ်ကစ္စတန်နိုင်ငံနှင့်အတူ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအစီအမံ၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံ၊ ကမ္ဘာလုံးဆိုင်ရာ လူသားယဉ်ကျေးမှုအစီအမံတို့ကို တက်တက်ကြွကြွ အကောင်အထည် ဖော်ဆောင်ပြီး ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအတွက် တရုတ်နိုင်ငံနှင့် တာဂျစ်ကစ္စတန်နိုင်ငံမှ ခွန်အားများ ပံ့ပိုးပေးရန် ဆန္ဒရှိကြောင်း အလေးပေးပြောကြား ခဲ့သည်။

သမ္မတ Emomali Rahmon က သမ္မတ Xi Jinping ၏ တာဂျစ်ကစ္စတန်နိုင်ငံခရီးစဉ်သည် တာဂျစ်ကစ္စတန်-တရုတ် ဆက်ဆံရေးသမိုင်းတွင် အရေးပါသော မှတ်တိုင်တစ်ခုဖြစ်ကြောင်း၊ ခေတ်သစ် တာဂျစ်ကစ္စတန်-တရုတ် ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အားကောင်းသောခွန်အားများ ဖြည့်သွင်းပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။