ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင်နိုင်ငံများသည် ကမ္ဘာ့ငြိမ်းချမ်ရေးနှင့်ဖွံ့ဖြိုးရေးကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် အားကောင်းသောပါဝါကို ထည့်သွင်းမည်မှာ သေချာ

(GMT+08:00)2024-07-06 13:42:19  

ဇူလိုင်လ ၅ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင်သည် ပုံမှန်သတင်းစာရှင်းလင်းပွဲကို ဦးစီးကျင်းပခဲ့ပါသည်။ ဇူလိုင်လ ၄ရက်နေ့က ၂၄ကြိမ်မြောက် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင်နိုင်ငံ ထိပ်သီးခေါင်းဆောင်များ ကောင်စီ အစည်းအဝေးကို ကာဇက်စတန်နိုင်ငံ အာစတာနာမြို့၌ ကျင်းပခဲ့ကြောင်း၊ သမ္မတ ရှီကျင့်ဖိန်သည် ဖိတ်ကြားချက်အရ ယခုအကြိမ် ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ပြီး “ပိုမိုသာယာလှပသော ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အိုးအိမ်ကို လက်တွဲ တည်ဆောက်ခြင်း” ခေါင်းစဉ်ဖြင့် မိန့်ခွန်းပြောကြားခဲ့သည်ဟု  မော်နင်က ပြောကြားခဲ့ပါသည်။

သမ္မတရှီကျင့်ဖိန်၏အရေးကြီးမိန့်ခွန်းသည်  လှိုက်လှဲစွာ တုံ့ပြန်မှု ရရှိကြောင်း၊ တရုတ်နိုင်ငံသည် သဘာပတိနိုင်ငံအဖြစ်  တာဝန် ထမ်းဆောင်ပြီး ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့၏ဖွံ့ဖြိုးမှုအတွက် ပါဝါသစ်ကို ထည့်သွင်းနိုင်မည်ဟု အစည်းအဝေးသို့ တက်ရောက်ခဲ့ကြသော ဘက်အသီးသီးတို့ မျှော်လင့်ကြကြောင်း၊ သတင်းအရ သိရှိရ သည်။