ရှီကျင့်ဖိန်နှင့် တာဂျစ်ကစ္စတန်သမ္မတ ရာဟယ်မိုတို့သည် တရုတ် ကူညီ တည်ဆောက်သော တာဂျစ်ကစ္စတန်လွှတ်တော်အဆောက်အအုံနှင့် အစိုးရ အဆောက်အအုံ တည်ဆောက်ပြီးစီးခြင်း အခမ်းအနားသို့ ပါဝင်တက်ရောက်

(GMT+08:00)2024-07-06 13:39:31  

ဒေသစံတော်ချိန် ဇူလိုင်လ ၅ရက်နေ့က တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် နှင့် တာဂျစ်ကစ္စတန်သမ္မတ ရာဟယ်မိုတို့သည် တရုတ်မှ ကူညီ တည်ဆောက်သော တာဂျစ်ကစ္စတန် လွှတ်တော်အဆောက်အအုံနှင့် အစိုးရ အဆောက်အအုံ တည်ဆောက်ပြီးစီးခြင်းအခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့ကြောင်း သတင်းအရ သိရပါသည်။

ရှီကျင့်ဖိန်က တာဂျစ်ကစ္စတန်လွှတ်တော်အဆောက်အအုံနှင့် အစိုးရ အဆောက်အအုံ တည် ဆောက် ပြီးစီးခြင်းကို ဂုဏ်ပြုကြောင်း၊ နှစ်နိုင်ငံမှ  ဆောက်လုပ်ရေး သမားများအတူတူ လက်တွဲပြီး အခက်အခဲများ ရင်ဆိုင်ကာ တာဝန်များ ချောမောစွာ အောင်မြင်ခဲ့ခြင်းနှင့် အဆောက်အအုံနှစ်ခုကို အချိန်မီ တည်ဆောက်နိုင်ခဲ့ခြင်းအပေါ် ကျေးဇူးတင် ရှိကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရ သိရပါသည်။