တရုတ်သမ္မတ Xi Jinping က တာဂျစ်ကစ္စတန် သမ္မတ Emomali Rahmon အား “ချစ်ကြည်ရေးတံဆိပ်” ချီးမြှင့်

(GMT+08:00)2024-07-06 19:20:44  

ဒေသစံတော်ချိန် ဇူလိုင်လ ၅ ရက်နေ့ မွန်းလွဲပိုင်းက တရုတ်နိုင်ငံသမ္မတ Xi Jinping သည် ဒူရှန်ဘဲမြို့ သမ္မတအိမ်တော်၌ ဆုတံဆိပ်ချီးမြှင့်ခြင်းအခမ်းအနား ကျင်းပခဲ့ပြီး တာဂျစ်ကစ္စတန်နိုင်ငံ သမ္မတ Emomali Rahmon အား “ချစ်ကြည်ရေးတံဆိပ်” ချီးမြှင့်ခဲ့သည်။

သမ္မတ Xi Jinping က ယနေ့တွင် ကျွန်တော်တို့ အခမ်းအနားကျင်းပ၍ တရုတ်ပြည်သူတို့၏ မိတ်ဆွေဟောင်းဖြစ်သူ အဆွေတော် တာဂျစ်ကစ္စတန်နိုင်ငံ သမ္မတ Emomali Rahmon အား တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အမြင့်ဆုံးနိုင်ငံရပ်ခြားဂုဏ်ထူးဆောင်တံဆိပ်ဖြစ်သော “ချစ်ကြည်ရေးတံဆိပ်” ကို ချီးမြှင့်ခဲ့ကြောင်း၊ ဤသည်မှာ တရုတ်နိုင်ငံက ပထမဆုံးအကြိမ် ပြည်ပ၌ ချီးမြှင့်သော “ချစ်ကြည်ရေးတံဆိပ်” ဖြစ်ပြီး သမ္မတ Emomali Rahmon နှင့် တာဂျစ်ကစ္စတန်ပြည်သူများအပေါ်ထားရှိသည့် တရုတ်ပြည်သူများ၏ ချစ်ကြည်ရင်းနှီးသော သံယောဇဉ်များကို ဖော်ပြရန် အထူးအစီအစဉ်တစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သမ္မတ Emomali Rahmon က သမ္မတ Xi Jinping ၏ ယခုခရီးစဉ်တွင် ခေတ်သစ် တာဂျစ်ကစ္စတန်-တရုတ် ခေတ်သစ်ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး စာမျက်နှာသစ်ကို ဖွင့်လှစ်နိုင်ပြီး ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO)မှ ဒေသတွင်းနိုင်ငံများ၏ ဘုံဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်ဝပြောရေးအတွက် ပံ့ပိုးမှုအသစ်များ လုပ်ဆောင်နိုင်ရန် ဆက်လက်ဦးဆောင်မြှင့်တင်သွားမည် ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။