တရုတ်-တာဂျစ်ကစ္စတန် လူမှုယဉ်ကျေးမှုကူးလူးဖလှယ်ရေး လှုပ်ရှားမှုများကို ဒူရှန်ဘီ၌ ကျင်းပ

(GMT+08:00)2024-07-06 13:32:49  

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်၏ တာဂျစ်ကစ္စတန်နိုင်ငံ တရားဝင်ခရီးစဉ်အတွင်း ယခုလ ၅ ရက်နေ့က China Media Group၏ "ဘိုးစဉ်ဘောင်ဆက်ချစ်ကြည်ရင်းနှီးစွာ ခရီးစဉ်သစ် စတင်"-တရုတ်-တာဂျစ်ကစ္စတန် လူမှုယဉ်ကျေးမှုကူးလူးဖလှယ်ရေး လှုပ်ရှားမှု များကို ဒူရှန် ဘီရှိ Nauruz နန်းတော်၌ ကျင်းပခဲ့ရာ၊ " China Up Close" တရုတ် - တာဂျစ်ကစ္စတန် မီဒီ ယာများ ပူးတွဲ သတင်းရယူခြင်းနှင့် ထုတ်ပြန်ပေးပို့ခြင်း လှုပ်ရှားမှုများကို စတင်ခဲ့ပါသည်။

တရုတ်ပြန်ကြားရေးဝန်ကြီးဌာန ဒု ဝန်ကြီး၊ China Media Group ဥက္ကဋ္ဌ Shen Hai Xiong၊ တာဂျစ်ကစ္စတန် ယဉ်ကျေးမှုဝန်ကြီး ဆာတိုရီ၊ တာဂျစ်ကစ္စတန် အမျိုးသား အသံလွှင့် နှင့် ရုပ်မြင်သံကြား ကော်မရှင် ဥက္ကဋ္ဌ Said၊ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အတွင်း ရေးမှူးချုပ်ဟောင်း Alimov နှင့် တာဂျစ်ကစ္စတန်နိုင်ငံ "Khovar" အမျိုးသား သတင်း အေဂျင်စီ ဥက္ကဋ္ဌ Shamsiddin Zoda တို့ သည် အဆိုပါလှုပ်ရှားမှုတွင် ပါဝင်ပြီး အသီးသီး မိန့်ခွန်း ပြောကြားခဲ့ပါသည်။