တရုတ်သမ္မတ Xi Jinping နှင့် တာဂျစ်ကစ္စတန် သမ္မတ Emomali Rahmon တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

(GMT+08:00)2024-07-06 19:22:09  

ဒေသစံတော်ချိန် ဇူလိုင်လ ၅ ရက်နေ့ မွန်းလွဲပိုင်းက တရုတ်နိုင်ငံ သမ္မတ Xi Jinping နှင့် တာဂျစ်ကစ္စတန်နိုင်ငံ သမ္မတ Emomali Rahmo သည် ဒူရှန်ဘဲမြို့ သမ္မတအိမ်တော်၌ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့သည်။ တွေ့ဆုံဆွေးနွေးပွဲတွင် နှစ်နိုင်ငံခေါင်းဆောင်များသည် ခေတ်သစ် တာဂျစ်ကစ္စတန်-တရုတ် ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး ဖော်ဆောင်ရန် ကြေညာခဲ့ကြသည်။

သမ္မတ Xi Jinping က တရုတ်-အလယ်အာရှယန္တရားသည် ခြောက်နိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှု ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် တာဂျစ်ကစ္စတန်၊ သက်ဆိုင်သူအသီးသီးနှင့်အတူ တရုတ်- အလယ်အာရှယန္တရားကို ပိုမိုကောင်းမွန်ခိုင်မာစေရန် အဆက်မပြတ်လုပ်ဆောင်ပြီး တရုတ်နိုင်ငံနှင့် အလယ်အာရှ ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် လက်တွေ့အောင်မြင်မှုရလဒ်များ ပိုမိုရရှိစေရန် မြှင့်တင်ဆောင်ရွက်လိုကြောင်း အလေးပေးပြောကြားခဲ့သည်။

သမ္မတ Emomali Rahmo က တာဂျစ်ကစ္စတန်နိုင်ငံသည် သမ္မတ Xi Jinping ၏ ခရီးစဉ်ရလဒ်များအား အကောင်အထည်ဖော်ခြင်းကို အရေးပါအခွင့်အလမ်းအဖြစ် မှတ်ယူ၍ “Belt and Road” အတူ တည်ဆောက်ရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကို ပိုမိုမြှင့်တင်ဆောင်ရွက်ရန် ဆန္ဒရှိကြောင်း၊ အပြန်အလှန်ချိတ်ဆက်မှု၊ စိုက်ပျိုးရေး၊ အဓိက ဓာတ်သတ္တုများ၊ စွမ်းအင်သစ် စသည့်ကဏ္ဍများဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစေပြီး တာဂျစ်ကစ္စတန်နိုင်ငံ၏ စက်မှုထွန်းကားရေးနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး တည်ဆောက်မှုကို အရှိန်မြှင့်တင်ဆောင်ရွက်လိုကြောင်း၊ သမ္မတ Xi Jinping ၏ ယခုခရီးစဉ်သည် ခေတ်သစ် တာဂျစ်ကစ္စတန်-တရုတ် ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးအား ပိုမိုအဆင့်မြင့်စွာ ဖွံ့ဖြိုးတိုးတက်စေရန် အားကောင်းစွာ မြှင့်တင်ပေးနိုင်ပြီး နှစ်နိုင်ငံပြည်သူများအတွက် အကျိုးကျေးဇူးများ ပိုမိုဆောင်ကြဉ်းပေးနိုင်မည်ဟု တာဂျစ်ကစ္စတန်နိုင်ငံမှာ ယုံကြည်ကြောင်း ပြောကြားခဲ့သည်။