ရှီကျင့်ဖိန်သည် ဟူနန်ပြည်နယ် Yue yangမြို့ Hua rong ခရိုင် Dong ting ကန် ပထမအဆင့် ရေကာတာ ကျိုးကျခြင်းအပေါ် အရေးကြီးညွှန်ကြားချက် ထုတ်ပြန်

(GMT+08:00)2024-07-06 13:33:51  

ယခုလ ၅ ရက်နေ့ ညနေပိုင်းက ဟူနန်ပြည်နယ် Yue yangမြို့ Hua rong ခရိုင် ရှိ Dong ting ကန် တွင် ပထမအဆင့် ရေကာတာ ကျိုးကျခဲ့ပြီး ယင်းဒေသကို ရေများ လွှမ်းမိုးသွား သောကြောင့်  ဒေသခံ ပြည်သူများ အားလုံးကို ဘေးကင်းရာ နေရာသို့ ရွှေ့ပြောင်းပေး ခဲ့ရ ပါ သည်။

သဘာဝဘေးအန္တရာယ်ဖြစ်ပွားခဲ့သည့်နောက်၊နိုင်ငံရပ်ခြားသို့ တရားဝင်ခရီးလှည့်လည် နေသော တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ ၊ ဗဟိုစစ်ရေးကော်မရှင်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ရေကာတာ ကျိုးကျခြင်းအပေါ် အလွန် အ လေးထား ပြီး အရေးကြီး ညွှန် ကြား ချက်ကို ထုတ်ပြန် ခဲ့ပါသည်။