ရှီကျင့်ဖိန် သည် တာဂျစ်ကစ္စတန်နိုင်ငံသို့ တရားဝင်သွားရောက်လည်ပတ်

(GMT+08:00)2024-07-05 11:49:44  

ဇူလိုင်လ ၄ ရက်နေ့ ညတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် တာဂျစ်ကစ္စတန် နိုင်ငံသမ္မတ Emomali Rahmon ၏ ဖိတ်ကြားချက်အရ တာဂျစ်ကစ္စတန်နိုင်ငံသို့ တရားဝင် သွားရောက်လည်ပတ်ရန် အထူးလေယာဉ်ဖြင့် ဒူရှန်ဘီမြို့သို့ ရောက်ရှိခဲ့ပါသည်။

    တာဂျစ်ကစ္စတန်နိုင်ငံသမ္မတ Emomali Rahmon သည် ဒူရှန်ဘီအပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် သမ္မတ ရှိကျင့်ဖိန် အတွက် ကြီးကျယ်ခမ်းနားသော ကြိုဆိုပွဲအခမ်းအနားကို ကျင်းပခဲ့ပါသည်။

    သမ္မတ ရှီကျင့်ဖိန် သည် ဒူရှန်ဘီအပြည်ပြည်ဆိုင်ရာလေဆိပ်၌ မိန့်ခွန်းထုတ်ပြန် ရာတွင် တရုတ်-တာဂျစ်ကစ္စတန်နှစ်နိုင်ငံတို့သည် အပြန်အလှန်ကူညီဖေးမသော အိမ်နီးချင်းကောင်း၊ အပြန်အလှန်ထောက်ခံအားပေးသော မိတ်ဆွေကောင်း၊ အပြန်အလှန် အကျိုးရှိစေသော မိတ်ဖက်ကောင်း၊ အပြန်အလှန် စိတ်ရင်းစေတနာကောင်းထားရှိသော ညီအစ်ကိုကောင်း ဖြစ်ကြကြောင်း၊ နှစ်နိုင်ငံအကြား သံတမန်အဆက်အသွယ်ထားရှိသည့် ၃၂ နှစ်အတွင်းတွင် တရုတ်-တာဂျစ်ကစ္စတန်ဆက်ဆံရေးမှာ ဆက်တိုက်လျင်မြန်စွာ ခြေလှမ်း မှန်မှန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာပြီး ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအထိ တိုးမြှင့်လာကာ အိမ်နီးချင်းနိုင်ငံများဆက်ဆံရေး၏ စံနမူနာ ဖြစ်လာကြောင်း၊ နှစ်နိုင်ငံ အကြား နိုင်ငံရေးအပြန်အလှန်ယုံကြည်မှု ခိုင်မာပြီး တစ်ဦး၏ အမြုတေအကျိုးစီးပွားကို တစ်ဦးက အမြဲတမ်းပြတ်ပြတ်သားသားထောက်ခံကြောင်း၊ နှစ်နိုင်ငံတို့သည် Belt and Road အတူတကွတည်ဆောက်ရေးတွင် ပူးပေါင်းဆောင်ရွက်ရေး အောင်မြင်မှုများစွာ ရရှိခဲ့ကြကြောင်း၊ မိမိအနေဖြင့် သမ္မတ Emomali Rahmon နှင့်အတူ အခြေအနေသစ်တွင် တရုတ်-တာဂျစ်ကစ္စတန်ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် စီမံကိန်းသစ်ကို ရေးဆွဲချမှတ်ပြီး တရုတ်-တာဂျစ်ကစ္စတန် ဘက်စုံပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြင့်မား သော အဆင့်ကဏ္ဍသစ်သို့ ဝင်ရောက်စေရန် မျှော်လင့်ကြောင်း ဖော်ပြထားပါသည်။

    သမ္မတ ရှီကျင့်ဖိန် သည် ၂၄ကြိမ်မြောက် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဝင်နိုင်ငံ ထိပ်သီးခေါင်းဆောင်များကောင်စီ အစည်းအဝေးသို့ တက်ရောက်ပြီး ကာဇက်စတန်နိုင်ငံသို့ တရားဝင်သွားရောက်လည်ပတ်ပြီးနောက် ဒူရှန်ဘီမြို့သို့ ရောက်ရှိ ခြင်း ဖြစ်ပါသည်။