ရှီကျင့်ဖိန်သည် တူရကီသမ္မတ အာဒိုဂန် နှင့် တွေ့ဆုံ

(GMT+08:00)2024-07-05 09:55:03  

ဒေသစံတော်ချိန် ဇူလိုင်လ ၄ ရက်နေ့ မွန်းလွဲပိုင်းတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် အာစတာနာမြို့၌ ကျင်းပသည့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်စဉ်အတွင်း တူရကီသမ္မတ အာဒိုဂန် နှင့် တွေ့ဆုံခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က တရုတ်-တူရကီ ဆက်ဆံရေးသည် တည်ငြိမ်သော ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်ဖြင့် တိုးတက်လာကြောင်း၊ တရုတ်နှင့်တူရကီတို့သည် ဖွံ့ဖြိုးဆဲနိုင်ငံကြီးများနှင့် Global South ထဲမှ နိုင်ငံများ အနေနှင့် မိမိနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ရှင်သန်မှုကို ရှာကြံရေးနှင့် နိုင်ငံတကာ ဆက်ဆံရေးမူများကို ထိန်းသိမ်းကာကွယ်ရေးနယ်ပယ်တွင် သဘောတူညီမှု ကျယ်ကျယ်ပြန့်ပြန့်ရှိကြောင်း၊ တရုတ်နိုင်ငံသည် ကုလသမဂ္ဂ နှင့် G20 အုပ်စုအပါအဝင် ဘက်ပေါင်းစုံ မူဘောင်များအတွင်း တူရကီနှင့်အတူ ညှိနှိုင်းမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အားကောင်းစေရန် ဆန္ဒရှိကြောင်း ပြောကြားသည်။

အာဒိုဂန်က တူရကီသည် တရုတ်နှင့် ဆက်ဆံရေးကို မြှင့်တင်ရန် အလွန်အလေးထားကြောင်း၊ တရုတ်နို်ငငံသည် ကမ္ဘာနှင့် အာရှတွင် တူရကီ၏ အရေးအကြီးဆုံး စီးပွားကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဖြစ်ကြောင်း ပြောကြားသည်။