၂၀၂၄ခုနှစ် ကမ္ဘာ့AIအစည်းအဝေးကို ရှန်ဟိုင်းတွင် ကျင်းပ

(GMT+08:00)2024-07-05 14:01:51  

ဇူလိုင်လ၄ရက်နေ့က ၂၀၂၄ခုနှစ်၏ ကမ္ဘာ့AIအစည်းအဝေးနှင့် ကမ္ဘာ့AIစီမံခန့်ခွဲရေးအဆင့်မြင့် အစည်းအဝေးကို ရှန်ဟိုင်းတွင် ကျင်းပခဲ့သည်။ အစည်းအဝေးကို“ဆွေးနွေးခြင်းဖြင့် မျှဝေခြင်းကို မြှင့်တင်၊ ကောင်းမွန်သော စီမံခြင်းစနစ်ဖြင့် ကောင်းမွန်သော ဉာဏ်ပညာကို မြှင့်တင်”ဟူသော ဆောင်ပုဒ်ဖြင့်ကျင်းပပြီး ပြပွဲကြီးကျယ်ခမ်းနားမှု၊ ထူးခြားချက် ရှိသော ကုန်ပစ္စည်း အရေအတွက်နှင့် ပထမဦးဆုံးအကြိမ်ပြသသော ပစ္စည်းသစ်အရေအတွက်များ စံချိန်သစ် တင်ခဲ့သည်။