ရှီကျင့်ဖိန် သည် အန်တိုနီယိုဂူတာရက်စ် နှင့် တွေ့ဆုံ

(GMT+08:00)2024-07-05 11:44:20  

ဇူလိုင်လ ၄ ရက်နေ့ ညနေပိုင်းတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်စဉ်အတွင်း အာစတာနာမြို့တွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ် နှင့် တွေ့ဆုံခဲ့ ပါသည်။
    ထိုသို့တွေ့ဆုံရာတွင် သမ္မတ ရှီကျင့်ဖိန် က ကုလသမဂ္ဂသည် ဘက်ပေါင်းစုံဝါဒ ကျင့်သုံးဆောင်ရွက်ပြီး တစ်ကမ္ဘာလုံးစီမံခန့်ခွဲမှုကို တွန်းအားပေးသော အမြုတေ ပလက်ဖောင်း ဖြစ်ပြီး ၎င်းအခန်းကဏ္ဍကို မလျှော့ချဘဲ မြှင့်တင်ရမည် ဖြစ်ကြောင်း၊ နိုင်ငံတကာ အခြေအနေ မည်ကဲ့သို့ ပြောင်းလဲသည်ဖြစ်စေ တရုတ်နိုင်ငံသည် စစ်မှန်သော ဘက်ပေါင်းစုံ ဝါဒကို အမြဲတမ်းစွဲကိုင်ထားပြီး ကုလသမဂ္ဂမှ နိုင်ငံတကာရေးရာများတွင် အမြုတေသော အခန်းကဏ္ဍမှ ပါဝင်ရန် ထောက်ခံကြောင်း ပြောကြားခဲ့ပါသည်။
    သမ္မတ ရှီကျင့်ဖိန် က ကမ္ဘာ့နိုင်ငံအသီးသီးတို့သည် အေးအတူပူအမျှ ကံကြမ္မာတူ အသိုက်အဝန်း ဖြစ်ကြကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ကုလသမဂ္ဂ၏ အနာဂတ်ထိပ်သီး အစည်းအဝေးကို ထောက်ခံကြောင်း၊ ထိပ်သီးအစည်းအဝေးတွင် ဘက်ပေါင်းစုံဝါဒကို စွဲကိုင်ထားပြီး စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန် အပြုသဘော ဆောင်သောအချက်ပြ သင်္ကေတပေးပြီး တစ်ကမ္ဘာလုံးစီမံခန့်ခွဲရေးအား ပိုမိုတရားမျှတသော ဦးတည်ချက်အတိုင်း ဖွံ့ဖြိုးတိုးတက်အောင် တွန်းအားပေးရန် မျှော်လင့်ကြောင်း၊ တရုတ်နိုင်ငံ အနေဖြင့် ကုလသမဂ္ဂမှ နိုင်ငံတကာငွေရေးကြေးရေးဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲရေး၊ AI တစ်ကမ္ဘာလုံး စီမံခန့်ခွဲရေးစသည်များတွင် ဦးဆောင်သော အခန်းကဏ္ဍမှ ပါဝင်ရန် ထောက်ခံ ကြောင်း အလေးထားပြောကြားခဲ့ပါသည်။
    အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ် က နိုင်ငံတကာအခြေအနေ၏ ဖွံ့ဖြိုး တိုးတက်မှုနှင့် ပြောင်းလဲမှုများကို ရင်ဆိုင်ရန်အတွက် လက်ရှိနိုင်ငံတကာစည်းစနစ်၊ အထူးသဖြင့် နိုင်ငံတကာငွေရေးကြေးရေးစနစ်ကို ပြုပြင်ပြောင်းလဲရကြောင်း၊ တစ်ကမ္ဘာလုံး စီမံခန့်ခွဲရေး ပိုမိုတရားမျှတစေပြီး ဖွံ့ဖြိုးဆဲနိုင်ငံများ အတူတကွဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော်ရန် ပိုမိုအကျိုးရှိစေရန် ကုလသမဂ္ဂအနေဖြင့် နိုင်ငံတကာငွေရေး ကြေးရေးဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲရေးနှင့် AI တစ်ကမ္ဘာလုံး စီမံခန့်ခွဲရေးတို့ကို အားသွန်ခွန်စိုက် တွန်းအားပေးဖို့ ဆန္ဒရှိကြောင်း၊ တရုတ်နိုင်ငံမှ ကုလသမဂ္ဂ၏ လုပ်ငန်းများကို ထောက်ခံပြီး ဘက်ပေါင်းစုံဝါဒကို ကျင့်သုံးဆောင်ရွက်ကာ ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျပြီး အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ခြင်းကို ကျေးဇူးတင်ရှိပါကြောင်း၊ လူသားတို့၏ အနာဂတ်မှာ တရုတ်နိုင်ငံကို အများကြီး မှီခိုအားထားမည် ဖြစ်ကြောင်း၊ ကုလသမဂ္ဂသည် တရုတ်နိုင်ငံနှင့် အတူ ဆက်သွယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တစ်ဆင့်တက်မြှင့်တင်ရန် မျှော်လင့် ကြောင်း ပြောကြားခဲ့ပါသည်။