ဒေသစံတော်ချိန် ဇူလိုင်လ ၄ ရက်နေ့ မွန်းလွဲပိုင်းတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် အာစတာနာမြို့၌ ကျင်းပသည့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်စဉ်အတွင်း ဘီလာရုစ် သမ္မတ လူကာရှန်ကို နှင့် တွေ့ဆုံခဲ့သည်။
ထိုသို့ တွေ့ဆုံရာတွင် ရှီကျင့်ဖိန်သည် ဘီလာရုစ်နိုင်ငံအနေနှင့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့၏ တရားဝင် အဖွဲ့ဝင်နိုင်ငံ ဖြစ်လာသည့်အတွက် ထောမနာပြုကြောင်း ပြောပါသည်။ ရှီကျင့်ဖိန်က ၂၀၂၃ခုနှစ်အတွင်း အဆွေတော်သည် တရုတ်နိုင်ငံသို့ ၂ ကြိမ် ခရီးလှည်လည်ပြီး နှစ်ဦးနှစ်ဖက်တို့သည် တရုတ်-ဘီလာရုစ် အကြား အစဉ်တစ်စိုက် မဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု အနာဂတ်ရေး စီမံကိန်းကို လက်တွဲ စီမံချမှတ်ခဲ့ကြောင်း၊ နှစ်ဦးနှစ်ဖက်တို့မှ လက်တွဲ ကြိုးပမ်းမှုဖြင့် တရုတ်-ဘီလာရုစ် ဆက်ဆံရေးသည် ဆက်လက် ကောင်းမွန်ပြီး ခြေလှမ်းမှန်မှန်မြန်မြန် တိုးတက်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။
လူကာရှန်ကိုက ဘီလာရုစ်နိုင်ငံအနေနှင့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့၏ တရားဝင် အဖွဲ့ဝင်နိုင်ငံ ဖြစ်လာရန် တရုတ်၏ ထောက်ခံမှုကို ကျေးဇူးတင်ရှိပြီး ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ အလှည့်ကျ ဥက္ကဋ္ဌနိုင်ငံအဖြစ် တရုတ်က တာဝန်ထမ်းဆောင်ခြင်းအတွက် ထောမနာပြုကြောင်း၊ ဘီလာရုစ်သည် သမ္မတ ရှီကျင့်ဖိန် ဖော်ပြခဲ့သော ကမ္ဘာ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အဆိုပြုချက်၊ ကမ္ဘာ့ လုံခြုံရေးဆိုင်ရာ အဆိုပြုချက် နှင့် ကမ္ဘာ့ ယဉ်ကျေးမှုဆိုင်ရာ အဆိုပြုချက်များကို ထောက်ခံပြီး တရုတ်နှင့် ဘရာဇီးတို့ လက်တွဲ တင်ပြခဲ့သော နိုင်ငံရေးနည်းလမ်းဖြင့် ယူကရိန်းအကျပ်အတည်းကို ဖြေရှင်းရန် သဘောတူညီချက် ၆ ချက်ကိုလည်း ထောက်ခံကြောင်း၊ ဘီလာရုစ်-တရုတ် ဘက်စုံ ပူးပေါင်းဆောင်ရွက်မှု တစ်ဆင့်တိုး ရင်းနှီးလာရန် မျှော်လင့်ကြောင်း ပြောကြားသည်။