ဗြိတိန်ဝန်ကြီးချုပ် Sunak သည် ဒေသစံတော်ချိန် သောကြာနေ့ နံနက်အစောပိုင်းတွင် ရာထူးမှ နုတ်ထွက်ကြောင်း ကြေညာမည်ဟု ဗြိတိန်မီဒီယာမှ သတင်းထုတ်ပြန်

(GMT+08:00)2024-07-05 10:47:00  

ဗြိတိန်ဝန်ကြီးချုပ် Sunak သည် ဒေသစံတော်ချိန် သောကြာနေ့ နံနက်အစောပိုင်းတွင် ရာထူးမှ နုတ်ထွက်ကြောင်း ကြေညာမည်ဟု ဗြိတိန် Daily Mail သတင်းအရ သိရပါသည်။

ဗြိတိန်မီဒီယာများက ဇူလိုင်လ ၄ရက်နေ့ည ထုတ်ပြန်သည့် အထွေထွေရွေးကောက်ပွဲ စစ်တမ်းများအရ Keir Starmer ဦးဆောင်သော လေဘာပါတီသည် အောက်လွှတ်တော် အမတ်နေရာ ထက်ဝက်ကျော် အနိုင်ရရှိခဲ့ပြီး ဗြိတိန် အာဏာရပါတီဖြစ်လာမည် ဖြစ်ကြောင်း၊ ဗြိတန် အောက်လွှတ်တော် ရွေးကောက်ပွဲအတွက် မဲပေးခြင်းကို ဒေသစံတော်ချိန် ဇူလိုင်လ ၄ ရက်နေ့ နံနက် ၇နာရီကစပြီး ည ၁၀နာရီမှာ ပြီးဆုံးခဲ့ကြောင်း၊ လက်ရှိအချိန်တွင် မဲရေတွက်မှုကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး နောက်ဆုံးရလဒ်များကို ၅ ရက်နေ့၌ ထုတ်ပြန်မည်ဟု ခန့်မှန်းကြောင်း ဆင်ဟွာသတင်းဌာနမှ အစောပိုင်းက ထုတ်ပြန်သည့် သတင်းအရ သိရပါသည်။