နိုင်ငံခြားသားများ တရုတ် နိုင်ငံသို့ လာရောက်ရန် ကြိုဆိုကြောင်း နိုင်ငံခြားရေး ဝန်ကြီး ဌာနဆို

(GMT+08:00)2024-07-05 13:38:02  

    တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင်က ယခုလ ၄ရက်နေ့က ကျင်းပခဲ့သော ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် ယခုနှစ် ဇန်နဝါရီလမှ မေလ အထိ တရုတ် နိုင်ငံသို့ ဝင်ရောက်ခဲ့သော နိုင်ငံခြားသား ဦးရေမှာ ၁၂သန်းကျော် ရှိပြီး ယင်းတို့အနက် ၇သန်းကျော်သည် ဗီဇာကင်းလွတ်ခွင့် ရရှိပြီး ဝင်ရောက်လာခြင်း ဖြစ်ကြောင်း၊ မိမိတို့သည် နိုင်ငံခြားသားများ တရုတ် နိုင်ငံသို့ ပိုမို အဆင်ပြေစွာ လာရောက်နိုင်ပြီး ပိုပြီး သက်တောင့် သက်သာ ရှိအောင်  သက်ဆိုင်ရာ ဝန်ထမ်းသွားလာမှု အစီအစဉ်များကို ပိုမို လွယ်ကူ အဆင် ပြေစေရန် အဆက်မပြတ် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ နိုင်ငံခြားသားများ တရုတ် နိုင်ငံသို့ လာရောက်ရန် ကြိုဆိုကြောင်း ပြောကြားခဲ့ပါသည်။