ပါလက်စတိုင်းမြေဧရိယာ ၁၂ စတုရန်းကီလိုမီတာခန့်ကို သိမ်းယူကြောင်း အစ္စရေးက ကြေညာ

(GMT+08:00)2024-07-05 10:46:27  

ဇူလိုင်လ ၃ရက်နေ့တွင် ဂျော်ဒန်မြစ်အနောက်ဘက်ကမ်းအရေးကို တာဝန်ယူသည့် အစ္စရေးအစိုးရ ပြည်သူ့ရေးရာဌာနက ဂျော်ဒန်ချိုင့်ဝှမ်းဒေသရှိ မြေဧရိယာ ၂၉၆၅ ဧက၊ ခန့်မှန်းခြေအားဖြင့် ၁၂ စတုရန်းကီလိုမီတာခန့်  ကျယ်ဝန်းသည့် နယ်မြေ ကို “နိုင်ငံတော်ပိုင်မြေ” အဖြစ် ကြေညာခဲ့ပါသည်။ ထိုနေ့တွင်ပင် အစ္စရေး Peace Now အဖွဲ့အစည်းက ယင်းသည် နှစ်ပေါင်း ၃၀ ကျော်အတွင်း အစ္စရေးအစိုးရက ပါလက်စတိုင်းမှ သိမ်းပိုက်ထားသော နယ်မြေအတွင်း အကျယ်အဝန်း အကြီးမားဆုံး ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါသည်။