အမျိုးအစားသစ် စက်မှုလုပ်ငန်းကို တွန်းအားပေးပြီး သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်မှုနှင့် စက်မှုလုပ်ငန်း ဆန်းသစ်တီထွင်မှု နက်ရှိုင်းစွာ ပေါင်းစပ်ခြင်းကို အားဖြည့်မည်ဟု စက်မှုနှင့် သတင်းအချက်အလက်နည်းပညာ ဝန်ကြီး ဆို

(GMT+08:00)2024-07-05 16:11:16  

   ဇူလိုင်လ ၅ ရက်နေ့က ကျင်းပသော တရုတ်နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးရုံး၏ "အရည်အသွေးမြင့်မားစွာ ဖွံ့ဖြိုးတိုးတက်မှု တိုးမြှင့်ရေး" ဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် တရုတ် စက်မှုနှင့် သတင်းအချက်အလက်နည်းပညာ ဝန်ကြီးဌာန ဝန်ကြီး ကျင်းကျွမ့်လုံက တရုတ်နိုင်ငံ၏ စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးတွင် တိုးတက်မှုများစွာ ရရှိခဲ့ပြီ ဖြစ်သော်လည်း ခြုံပြီးကြည့်လျှင် အားကောင်းရာသို့ ချီတက်စဉ်၊ အခက်အခဲများကို ကျော်လွှားစဉ်၌ ရှိနေသေးကာ အဓိကကျသည့်နည်းပညာများနှင့် ကုန်ထုတ်လုပ်မှု အခြေခံစွမ်းအား စသည့်နယ်ပယ်များတွင် အားနည်းချက်များ ရှိနေသေးကြောင်း၊ မိမိတို့သည် ပြုပြင်ပြောင်းလဲမှုကို ဆက်တိုက် ဇောက်ချ ပြုလုပ်ပြီး တံခါးဖွင့်ရေးကို ဆက်တိုက် တိုးချဲ့ကာ အမျိုးအစားသစ် စက်မှုလုပ်ငန်းကို တွန်းအားပေးပြီး သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်မှုနှင့် စက်မှုလုပ်ငန်း ဆန်းသစ်တီထွင်မှု နက်ရှိုင်းစွာ ပေါင်းစပ်ခြင်းကို အားဖြည့်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။